Chapter (15)

291 26 0
                                    

မှန်ပြတင်းပေါက်ကို ဖြတ်သန်းရင်း၀င်လာတဲ့ အလင်းရောင်ဖျော့ဖျော့နဲ့အတူ အိပ်ရာထက်က ပုံရိပ်လေးတစ်ခုက ခပ်ဖြည်းဖြည်းလူးလွင့်လာတယ်။ နောက်တော့ မျက်လွှာတွေကို တဖြည်းဖြည်းချင်း ဖွင့်ဟလိုက်ပြီး အိပ်ရာထက်ကနေ ထထိုင်လိုက်တယ်။

"ကျစ်... ခေါင်းတွေကိုက်လိုက်တာကွာ"

အခုလက်ရှိတော့ မြတ်ဘုန်းသက်တိုင်တစ်ယောက် hangover အရှိန်ကြောင့် ခေါင်းတွေအုံပြီးအတော်လေး ကိုက်ခဲနေပါတယ်။ မနေ့ညက Bachelor night ဆိုပြီး ကမ်းပေးလာသမျှ အရက်ခွက်တွေကို အားနာနာနဲ့ သောက်ခဲ့တဲ့ ဒဏ်ကို အခုမှ စုခံရတော့တာပဲ။ အဲ့ဒီနောက်တော့ သက်တိုင် တစ်စုံတစ်ခု ကို သတိရသွားပြီးတော့ အခန်းထဲကို ဝေ့ဝဲကြည့်လိုက်မိတယ်။

"ဟင် ဟိုကလေး ဘယ်ရောက်နေပါလိမ့်"

(ချောက်!)

အဲ့ဒီအချိန်မှာပဲ အခန်းတံခါးပွင့်လာပြီး အခန်းထဲကို လူတစ်‌ယောက်၀င်လာတယ်။ လက်ထဲမှာလည်း ဖန်ခွက်တစ်လုံးကိုင်ထားသေးတယ်။

*ဟော ကိုယ်တော်လေး အသက်ရှည်ဉီးမယ်*

"အသက် နိုးနေပြီလား
နေရောကောင်းရဲ့လား မှန်း"

ပြောပြောဆိုဆိုနဲ့ သူ့ လက်တစ်ဖက်က သက်တိုင် ရဲ့ နဖူးပေါ်ရောက်လာတယ်။

"အင်း အဖျားတော့မရှိပါဘူး
ဪ ဒီမှာ အသက် ခေါင်းကိုက်နေမှာစိုးလို့ ကျွန်တော် ပျားသံပုရာ ဖျော်လာခဲ့တယ် သောက်လိုက်နော် နွေးနွေးလေး သိလား"

သူ့လက်ထဲ ကမ်းပေးလာတဲ့ ပျားသံပုရာခွက်နွေးနွေးလေးကို တစ်လှည့် အရှေ့မှာ မတ်တတ်ရပ်နေတဲ့ကောင်လေးကို တစ်လှည့်ကြည့်ရင်း သက်တိုင်တွေးလိုက်မိတယ်။

*ဒီလိုကြတော့လည်း ‌အိမ်‌ထောင်ပြုရတာ တယ်တန်ပါလား*

ရေမိုးချိုး ပြင်ဆင်ပြီးရင် မနက်စာ စားဖို့ဆင်းခဲ့နော်
အကုန် ပြင်ထားပြီးသွာပြီ

"အင်း ကိုယ်ဆင်းခဲ့မယ်"

.... ....

သက်တိုင် အောက်ထပ်ကို ဆင်းပြီး ထမင်းစားခန်းထဲ၀င်သွားတော့ ညား နဲ့ မမ က အဆင်သင့်စောင့်နေကြပြီ။

"အခါတော်ပေးတာက နတ်ရေးငယ်ရွှေစာ"(Completed)Tahanan ng mga kuwento. Tumuklas ngayon