Chapter (28)

236 21 7
                                    

"ဒီမှာ ဆရာမတို့
ယာဉ်တိုက်မှုနဲ့ ရောက်လာတဲ့ ကောင်လေးက ဘယ်.... ဘယ်မှာလဲဟင်
အသက်က 22 ဆံပင်ငွေရောင်တွေနဲ့..."

မစည်ကားအပ်တဲ့နေရာ တစ်ခုထဲမှာပါ၀င်နေတဲ့ ဆေးရုံရဲ့အရေးပေါ်ဌာနဟာ လူမျိုးစုံ ပုံစံမျိုးစုံ အမျိုးမျိုးသောလူနာတွေနဲ့ ညံစီလျက်ရှိနေတယ်။ လူတိုင်းရဲ့ရင်ထဲမှာလည်း ပူပန်သောကတွေကိုယ်စီနဲ့ပါပဲ။ အဲ့ဒီလူတွေထဲမှာ မြတ်ဘုန်းသက်တိုင် လည်း အပါအ၀င်ဖြစ်တယ်။

တစ်ညလုံးအိမ်ပြန်မလာခဲ့တဲ့ အဲ့ဒီကလေး ကို စောင့်နေရင်းနဲ့ ရုံးကပြန်လာကတည်းက အ၀တ်အစားတွေလည်း မလဲရသေးလို ဘာမှလည်း မစားရသေးဘူး။ ရင်ဘတ်ထဲမှာ တစ်ခုခုပိတ်စို့နေသလိုမျိုးနဲ့ ဘာမှစားဖို့လည်း စိတ်မ၀င်စားခဲ့ဘူး။

မိုးလင်းခါနီးကျမှ ဖုန်းတစ်ခု၀င်လာခဲ့တယ်။ တစ်ညလုံးအဆက်အသွယ်မရခဲ့တဲ့သူ က ကားအက်ဆီးဒင့် နဲ့ ဆေးရုံရောက်နေတယ်တဲ့။သတင်းကြားကြားချင်း ဖုန်းကိုလက်ကကိုင်ထားရင်းနဲ့ အရာအားလုံးရပ်တန့်သွားသလိုပဲ။ ဘေးက မမ ရဲ့အသံကြားမှ အသိပြန်၀င်လာပြီး ကားသော့ကိုဆွဲရင်း တစ်ဖက်ပြောတဲ့‌ဆေးရုံလိပ်စာ အတိုင်းကားကို ဒုန်းဆိုင်းမောင်းလာခဲ့တယ်။

Reception မှာရှိနေတဲ့ တာ၀န်ကျ Nurse တွေက သူပြောတဲ့အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး လူနာရှာပေးနေတဲ့ အချိန်ကတောင် သက်တိုင်အတွက်တော့ တစ်ကမ္ဘာလောက်ကြာနေတယ်လို့ ခံစားရစေတယ်။

"အကို ပြောတာ အဝေးပြေးလမ်းမှာ ဖြစ်တဲ့ အက်ဆီးဒင့်က လူနာဖြစ်မယ်
ဒီည ယာဉ်တိုက်မှုနဲ့ ရောက်လာတဲ့လူငယ်အရွယ်ထဲက ဆိုရင် သူပဲရှိလိမ့်မယ်
အခန်းနံပါတ် xx မှာပါ ဒီဘက်ကနေ တည့်တည့်သွားပေးပါရှင်....."

Nurse အမျိုးသမီးရဲ့ ‌ စကားကိုကြားပြီးပြီးချင်းပဲ သူပြောတဲ့အခန်းနံပါတ် စီကို အပြေးသွားမိတယ်။ အခန်းရှေ့ရောက်တော့ ဆရာ၀န်နှစ်ယောက်နဲ့ Nurse နှစ်ယောက်က အခန်းထဲကထွက်လာတာကို တွေ့လိုက်ရတယ်။

"ဆရာတို့ လူနာအခြေအနေ ဘယ်လိုရှိသေးလဲ မသိဘူး
စိုးရိမ်ရလား ဒဏ်ရာကြီးကြီးမားမား ဖြစ်သွားတာမျိုးလား..."

"အခါတော်ပေးတာက နတ်ရေးငယ်ရွှေစာ"(Completed)Where stories live. Discover now