Chapter (30)

265 21 3
                                    

(အဟမ်း အဟမ်း အသက်ပြည့်မှဖတ်နော် )

အွန်း.....အသက်ရှူကြပ်လာပြီ

ဗညားငယ် တစ်ယောက်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရင်းက သူ့ခန္ဓာကိုယ်ပေါ်မှာ တဖြည်းဖြည်းလေးလံလာတဲ့ တစ်စုံတစ်ခုကြောင့် မျက်လုံးတွေကို အားယူပြီးတော့ဖွင့်ကြည့်လိုက်မိတယ်။ အရမ်းအိပ်ချင်နေတဲ့စိတ်ကြောင့် ပထမ က‌တော့ လုံး၀မကြည့်ဘဲ ဆက်အိပ်မလို့ စဉ်းစားမိပေမယ့် သူ့ကိုယ်ပေါ်က အရာကို သိချင်စိတ်က ပိုများနေလေတော့ မျက်လုံးတွေကို ဖွင့်လိုက်မိတယ်။

လူကြီးတွေပြောကြသလို ဘီလူးစီးတာမျိုးဆိုရင်တော့ ဒုက္ခပါပဲ။

ဒါပေမယ့် မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့ မြင်ကွင်းက သူ့ကို မျက်လုံးကျယ်သွားစေရုံသာမက ဘုရားပါတသွားရစေတယ်။
အသက်!

ဟုတ်တယ်။ အခုသူ့ရဲ့ခါးအပေါ်နားလောက်မှာ ခွလျက်သားထိုင်နေတာကတော့ သူ့ရဲ့တစ်ဉီးတည်းသော အသည်းအသက်ပဲ။ သူ့ကို အဲ့ဒါထက်ပိုပြီးလန့်စေတဲ့အရာကတော သူ့အသက်ရဲ့ ကိုယ်ပေါ်က maid dress ။

၀င်းနှစ်နေတဲ့အသားအရည်ကို ပိုင်ဆိုင်ထားတဲ့ သူ့ အမျိုးသားက အဖြူအမည်းစပ် maid dress ကို ၀တ်ထားပြီးတော့ သူ့အပေါ်မှာထိုင်နေခဲ့တယ်။ ပေါင်လယ်လောက်သာ ရှိတဲ့ dress က ခွထိုင်ထားတာကြောင့် အပေါ်ကို အနည်းငယ်လိပ်တက်နေတဲ့အတွက် ကျစ်လျစ်ဖြူ၀င်းတဲ့ ပေါင်တံသွယ်သွယ်တွေကို အထင်းသားမြင်နေရတယ်။

ခါးစည်းကြိုးကြောင့် ပိုပြီးထင်ရှားနေတဲ့ ခါးသိမ်သိမ်လေးကလည်း သူ့ကိုယ်ပေါ်မှာ ခပ်မတ်မတ်ကလေးရှိနေသေးတယ်။ အဲ့ဒါတွေအပြင် ကလူလိုဟန် မြူလိုဟန် အပြည့်နဲ့ အသက်ရဲ့ မျက်၀န်းတွေ အဲ့ဒါတွေအကုန်လုံးကို အိပ်ခန်းမီးရောင်ပြာလဲ့လဲ့နဲ့ ပေါင်းလိုက်တဲ့ အခါမှာတော့

*လှတယ် အရမ်းကိုလှတာပဲ*

လှလွန်းလို့ သူ့အပေါ်မှာရှိနေတဲ့လူကို ဆွဲယူပြီး ခပ်တင်းတင်းပွေ့ဖက်လိုက်ချင်ပေမယ့် သူ့တစ်ကိုယ်လုံးက ကြိုးနဲ့ အတုပ်ခံရထားရသလို လှုပ်မရဘူး ဖြစ်နေတယ်။

"အခါတော်ပေးတာက နတ်ရေးငယ်ရွှေစာ"(Completed)Where stories live. Discover now