Chapter (5)

333 29 2
                                    

သက်တိုင် တစ်ယောက် သူ့ အခန်းထဲက ခုတင်ခြေရင်းကို မှီပြီး ခြေပစ်လက်ပစ် ထိုင်နေတယ်။
သူ့ကိုယ်ပေါ်မှာလည်း မပန် နာရေးကို အသွားကတည်းက ၀တ်ထားခဲ့တဲ့ ရှပ်အင်္ကျီ အနက်ရောင် က ရင်ဘတ်ကြယ်သီး သုံးလုံးလောက်ပြုတ်နေပြီးတော့ ဖရိုဖရဲ ဖြစ်နေတယ်။
သက်တိုင် လက်ထဲမှာ ရှိနေတဲ့ ဝိုင်ပုလင်းကို တစ်ချက်ကောက်မော့လိုက်တယ်။

"ဟား ဘာတွေဖြစ်ကုန်တာလဲကွာ"

ဒီနေ့ နာရေးကို သွားတော့ အဲ့ဒီနေရာမှာရှိနေသမျှလူအားလုံးရဲ့မျက်လုံးတွေက သက်တိုင် ကိုယ်ပေါ်မှာချည်းပဲ။ သူတို့အားလုံး သက်တိုင် ကိုကြည့်နေကြတဲ့ အကြည့်တွေက အနားမှာရှိသမျှ မိန်းမ တိုင်းကို ကံဆိုးစေ‌တဲ့ကောင်၊ အကုသိုလ်ကောင် ဆိုပြီး တညီတညွတ်ထဲ ဝိုင်းပြောနေကြသလိုပဲ။
အရင်လိုသာ ဆိုရင်တော့ လူတွေ ဘာပဲပြောနေကြပါစေ လျစ်လျူရှုလိုက်မှာပဲ ဆိုပေမယ့် အခုအခြေနေကတော့ မတူတော့ပါဘူး။

သက်တိုင်ရဲ့ အတွေးထဲမှာ သူနဲ့သာ မပက်သက်မိဘူးဆိုရင် မပန်လည်း ဒီလို ဖြစ်ချင်မှ ဖြစ်မှာ၊ အစကတည်းက ဒီကိစ္စကို သူငြင်းလိုက်သင့်တာ ဆိုတဲ့အကြောင်းကိုပဲ ထပ်တလဲလဲ စဉ်းစားမိနေတယ်။
အဲ့ဒီအတွေးတွေက အခုတစ်ကိုယ်လုံးကို ထောင်ချီတဲ့ အပ်တွေနဲ့ ထိုးဆွနေသလိုမျိုး ခံစားရစေတယ်။
မွန်းကြပ်ပြီး စိတ်ရှုပ်ရလွန်းလို့ ဘယ်သူနဲ့မှလည်းစကားမပြောချင်သလို ဘယ်သူ့မျက်နှာမှလည်း မကြည့်ချင်ဘူး။

"ခွမ်း"

လက်ထဲမှာ ကိုင်ထားတဲ့ ဝိုင်ပုလင်းကို တစ်ဖက်နံရံစီ ပစ်ခွဲလိုက်တယ်။ သူ့ခေါင်းတစ်ခုလုံးလည်း အဲ့ဒီဝိုင်ပုလင်းလို အစိတ်စိတ်ကွဲထွက်တော့မတတ် ပူထူနေတယ်။
တရိပ်ရိပ်ရီဝေလာတဲ့ ဝိုင်ရဲ့အရှိန် နဲ့ တနေကုန်စိတ်ပင်ပန်း လူပင်ပန်း ထားတဲ့ အရှိန်တွေပေါင်းပြီး ခုတင်ခြေရင်းမှီလျက်သားပဲ သက်တိုင်အိပ်ပျော်သွားတယ်။

နဖူးပြင်ကို ခပ်ဖွဖွလာထိနေတဲ့ အထိအတွေ့နဲ့ အတူ ရင်းနှီးနေကျ အမွှေးနံ့က နှာခေါင်း၀ကို လာကျီဆယ်တော့မှ သက်တိုင် မျက်လုံးတွေ ကြိုးစားပြီးဖွင့်ကြည့်လိုက်မိတယ်။
သူရဲ့ဘေးဖက်မှာ အဲ့ဒီကောင်လေးက ဒူးတစ်ဖက်ထောက်ထိုင်ပြီး သက်တိုင် နဖူးပေါ်က ဆံပင်တွေကို လက်နဲ့ ခပ်ဖွဖွ သပ်တင်ပေးနေတယ်။ ထိလိုက်ရင်ပဲ့ပါသွားမလားလို့ စိုးရိမ်ရလောက်တဲ့ နူးညံ့မှာမျိုးနဲ့ပေါ့။

သက်တိုင် ကောင်းကောင်းပွင့်မနေသေးတဲ့ မျက်လုံးတွေကို လက်နဲ့ ဆွဲပွတ်လိုက်ပြီး သူ့နဖူးပေါ်က လက်တစ်ဖက်ကို ပုတ်ထုတ်လိုက်တယ်။

"မင်း
မပန် ဒီလိုဖြစ်အောင် မင်းလုပ်လိုက်တာမလား..."

"အသက်ရယ် ဖြည်းဖြည်းပြောလည်းရပါတယ်ဗျာ..."

"ဟ ပြောနိုင်မလားကွ လူတစ်ယောက်လုံးသေသွားတာလေ
ပြီးတော့ ငါ့ ‌ငါ့‌ကြောင့်...."

"တော်‌ တော် အသက် အဲ့စကားကို ဆက်မပြောနဲ့တော့
ဘယ်သူ့ကြောင့်မှမဟုတ်ဘူး လူဆိုတာက သက်တမ်းကုန်ရင် ကုန် မကုန်ရင် ကံ ကုန်လို့သေရမဲ့ သေမျိုးတွေချည်းပဲ
မဟုတ်တာတွေတွေးမနေနဲ့...."

"ပြီးတော့ ကျွန်တော့်လို သာမန်လူတစ်ယောက်က တခြားလူတစ်ယောက်ရဲ့ သေရေးရှင်ရေးကို ဘယ်လိုလို့ ဆုံးဖြတ်နိုင်မှာလဲ
အရာအားလုံးက ကျွန်တော်တို့ နှစ်ယောက်ကြားက ကံတရားနဲ့ ဖူးစာရေးနတ်မင်း ရဲ့ အလိုကျပဲ...."

"တော်စမ်းပါကွာ
မင်းက ငါ့အိပ်မက်ထဲက ပုံရိပ်ယောင် သပ်သပ်ပဲ အဲ့ဒါကို သိလား...."

"ပုံရိပ်ယောင် အဟက်
ဘယ်သူကလဲ ကျွန်တော်ကလား
ကျွန်တော်ပုံရိပ်ယောင် ဟုတ်မဟုတ် အသက် အချိန်တန်ရင် သိရမှာပေါ့...."

"သိလည်း မသိချင်ဘူး သိစရာလည်းမလိုဘူး...."

"ထားပါ ဒါပေမယ့် အသက်တစ်ခု မှတ်ထားရမှာက

ဒီ ဘဒ္ဒကမ္ဘာ မှာတော့ မြတ်ဘုန်းသက်တိုင် ဆိုတဲ့ ယောက်ျားရဲ့ လက်တွဲဖော်က ဟောဒီ့ကကောင်က လွဲရင် ဘယ်သူမှ ဖြစ်ခွင့်မရှိဘူး ဆိုတာပဲ...."

"မင်း
မင်းပြောသလိုဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး...."

"ဟုတ်လား စောင့်ကြည့်ကြတာပေါ့ ဟား ဟား ဟား"

အဲ့ဒီလှောင်သလိုလို ရယ်သံအဆုံးမှာတော့ သက်တိုင် နိုးလာခဲ့ပါတယ်။ ဘာလို့များ ဒီလို အူကြောင်ကြားကိစ္စတွေသူ့မှာ ဖြစ်လာရတာလဲ။ သူဘာတွေများ မှားခဲ့မိပါသလဲ။ ရှေ့ဆက်ပြီး သူဘာတွေကြုံရဉီးမှာလဲ။
အဲ့လို လဲ ပေါင်းများစွာက သက်တိုင်ရဲ့ ရင်ထဲမှာ ပဲ့တင်ထပ်နေခဲ့ပါတော့တယ်။

..... ......

နောက်တစ်ပိုင်းဆို ရှေ့ကြောင်းရောက်ပြီနော်။
Feedback လေးတွေပေးကြပါဉီး

"အခါတော်ပေးတာက နတ်ရေးငယ်ရွှေစာ"(Completed)Opowieści tętniące życiem. Odkryj je teraz