Chapter(27)

217 20 6
                                    

မြတ်ဘုန်းသက်တိုင် တစ်ယောက် အိမ်ကို စောစောပြန်လာခဲ့တယ်။ မစားလိုက်ရတဲ့ နေ့လည်စာအတွက် ညနေပိုင်းမှာ အစားပြန်ပေးရဉီးမယ် မဟုတ်လား။ အဲ့ဒီအတွက်လည်း သူကိုယ်တိုင် ဆိုင်တစ်ဆိုင်မှာ booking တင်ခဲ့ပြီးပြီ။ ဗညားငယ် လည်း သဘောကျလိမ့်မယ် လို့တော့မျှော်လင့်ရတာပါပဲ။

အမှန်ဆို နေ့လည်ကသာ ဗညားငယ်နဲ့ ချိန်းထားတဲ့အချိန်ကွက်တိ အရေးကြီး ဧည့်သည်ရောက်မလာခဲ့ရင် နေ့လည်စာ စားကြမယ့် အစီအစဉ်လေးက အဆင်ပြေနေပြီ။ဒါပေမယ့် အဲ့ဒီဧည့်သည်အမျိုးသမီးက Flight အချိန်အပြောင်းအလဲကြောင့် ချိန်းထားတဲ့အချိန်ထက် စောပြီးရောက်လာတဲ့ အကုန်လုံး ကမောက်ကမတွေဖြစ်တော့တာပဲ။

နိုင်ငံရပ်ခြားကလူလည်းဖြစ် စီးပွားဖက်လည်း ဖြစ်နေတော့မျက်နှာလွှဲခဲပစ်လည်း လုပ်လို့မရတာနဲ့ အလုပ်ကိစ္စကိုပဲ အရင်ဉီးစားပေးလိုက်ရတယ်။

ဖြစ်ချင်တော့ အလုပ်ကိစ္စပြောနေရင်းနဲ့ အဲ့ဒီအမျိုးသမီးက ရာသီဉတုကြောင့်လား နဂိုကျန်းမာရေးကြောင့်လား မသိဘူး နှာခေါင်းသွေးတွေလျှံလာတော့တာပဲ။ သွေးတွေမြင်ပြီး နိုင်ငံခြားသူအမျိုးသမီးက ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေတာနဲ့ သက်တိုင်ကပဲ ကိုယ့်ခုံပေါ်ထိုင်နေရာကနေ သူ့ဘေးကိုထပြီး ကူညီပေးလိုက်ရတယ်။

အဲ့လိုအကူညီကောင်းလို့ ၀တ်ထားတဲ့ ရှပ်အဖြူမှာတောင် သွေးတွေစွန်းကုန်တာနဲ့ ရုံးမှာရှိနေတဲ့ အင်္ကျီတစ်ထည် ပြန်လဲထားရသေးတယ်။နောက်မှ သူသိလိုက်ရတာက အဲ့ဒီအမျိုးသမီးမှာ သွေးမတိတ်တဲ့ ပြဿနာရှိနေပုံရတယ်။
မြန်မာစကားလည်း တစ်ခွန်း မှ မတတ်တဲ့ အမျိုးသမီးကို ဆေးရုံပို့ဖို့ စီစဉ်ပေးရတာနဲ့ တစ်ဖက် Company ကို အကျိုးအကြောင်းလှမ်းဆက်သွယ် ရတာနဲ့တင် သူလည်းခေါင်းအတော်ကိုက်သွားတယ်။

ရုံးဆင်းတဲ့အချိန်ရောက်တော့မှ Reception က ၀န်ထမ်းတွေကသူ့ကိုပြောတယ် CEO ရဲ့ အမျိုးသားရောက်လာတယ်တဲ့။ အရေးကြီးအလုပ်ပေါ်လာတဲ့အကြောင်းစာလှမ်းပို့လိုက်ပေမယ့် အဲ့ကောင်လေးက အရင်ရောက်လာခဲ့ပုံရတယ်။ ရောက်ရင်လည်း ရုံးခန်းကို လာခဲ့တာမဟုတ်ဘူး။ ကြည့်ရတာ အဲ့ဒီကောင်လေး စိတ်ကောက်သွားပုံ ရတယ်။ ကလေးတွေများ နားလည်ရခက်လိုက်ကြတာ။

"အခါတော်ပေးတာက နတ်ရေးငယ်ရွှေစာ"(Completed)Where stories live. Discover now