Chapter (31)

211 17 6
                                    

"အသက် ကျွန်တော့် ကိုပြောစရာ တစ်ခုခု ရှိလို့လား"

သူ့ရဲ့ အသက်က တစ်ခုခု ‌ပြောချင်နေတဲ့ဟန်နဲ့ သူ့ဘက်ကို လှည့်လှည့်ကြည့်နေတယ်ဆိုတာ ဗညားငယ် အစောကတည်းက သိနေတယ်။ လက်စသတ်ရမယ့် အလုပ်ကို အရင်လုပ်နေရတာနဲ့ ဘာမှမပြောဘဲ ကြည့်နေမိတာ။

ဗညားငယ် ရဲ့ မေးခွန်းကြောင့် သက်တိုင်ကလည်း ကုတင်ခေါင်းရင်းကို နောက်ကျောမှီထိုင်နေရာကနေ ဗညားငယ်ရဲ့ ဘက်ကို တည့်တည့်လှည့်ထိုင်လိုက်တယ်။ လက်ရှိသူတို့နှစ်ယောက်လုံးက ကုတင်ပေါ်မှာ တင်ပင်လျဉ်ခွေအနေအထားနဲ့ မျက်နှာချင်းဆိုင်ထိုင်နေကြတာဖြစ်တယ်။

"အင်း ကိုယ် Baby ကို ပြောစရာတော့ ရှိတယ်"

"အဲ့ဒါဆိုပြောလေ အသက် ကလည်း
ကျွန်တော့် ကို မချစ်တော့ဘူးဆိုတာက လွဲရင် ကြိုက်တာ ပြောလို့ရတယ်"

ဗညားငယ်ရဲ့ စကားကို သက်တိုင်က မျက်စောင်းတစ်ချက်နဲ့ တုံ့ပြန်တယ်။

"Baby ကကွာ"

ဆိုတဲ့ စကားနဲ့အတူ ဗညားငယ် ရဲ့ ရင်ဘတ်ကို လက်သီးနဲ့ ခပ်ဖွဖွ လှမ်းထိုးတယ်။

"ဟုတ်ပါပြီဗျာ ကျွန်တော်က စတာပါ
‌ပြေ့ာပါ အသက်ရဲ့ ဘာပြောချင်တာလဲ"

အဲ့ဒီနောက်တော့ သက်တိုင်က ပြောရခက်နေတဲ့ ဟန်နဲ့

"ကိုယ်စဉ်းစားမိတာလေ
ကိုယ်တို့ ကလေး ယူကြရင် ကောင်းမလား Baby"

"ဟင် ကလေး
ရုတ်တရတ်ကြီးပါလား အသက်ရဲ့
ဘယ်လိုဖြစ်တာလဲ"

ဗညားငယ်က မေးလာတော့ သက်တိုင်ရဲ့ စိတ်အာရုံက လွန်ခဲ့တဲ့ တစ်ညက မက်ခဲ့တဲ့ အိပ်မက်စီကို ပြန်ရောက်သွားတယ်။

စိမ်းညှို့ အုပ်ဆိုင်းနေတဲ့ မိုးမခပင်ကြီး တစ်ပင်အောက်မှာ သုံးနှစ်လောက်သာ ရှိမယ့် ကလေးမလေးတစ်ယောက် ရှိနေခဲ့တယ်။ အညိုရောင်မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကော်ဖီရောင်ဆံပင်လေးတွေ၊ အဖြူစွတ်စွတ်ဂါ၀န်လေးတစ်ထည်ကို ၀တ်ဆင်ထားပြီးတော့ ကော်ပတ်ရုပ်မလေး အတိုင်းပါပဲ။ အဲ့ဒီကလေးမလေးရဲ့ လည်ပင်းမှာတော့ အစိမ်းရောင်တောက်ပြီး အရောင်လဲ့နေတဲ့ အဝိုင်းသဏ္ဍာန် ကျောက်တစ်လုံး ကို ဆွဲထားတယ်။ ပြီးတော့ အိပ်မက်ထဲမှာပဲ ပီပီသသ ကြားလိုက်ရတဲ့

"အခါတော်ပေးတာက နတ်ရေးငယ်ရွှေစာ"(Completed)Donde viven las historias. Descúbrelo ahora