"ကလေးတွေ အဆင်သင့်မဖြစ်ကြသေးဘူးလား
နေမြင့်လာရင် ကားမောင်းရတာ ပင်ပန်းနေမယ်လေ"ပုံမှန်မနက်အစောပိုင်းတွေမှာ တိတ်ဆိတ်နေတတ်တဲ့ သက်တိုင် တို့ရဲ့ အိမ်ဂေဟာ လေးက အခုလက်ရှိမှာတော့ ဝေလီဝေလင်း အချိန်သာရှိသေးပေမယ့် မမ ရဲ့ ဆော်ဩသံတချို့နဲ့ ညံစီလျက်ရှိနေပါတယ်။
"ပြီးပါပြီ မမ ရဲ့ လာပါပြီဗျ"
သက်တိုင် ရဲ့ ပြန်ဖြေသံနဲ့ မရှေးမနှောင်းမှာပဲ အပေါ်ထပ်ကနေ ဗညားငယ် ကော သက်တိုင်ပါ နှစ်ယောက်သား ဆင်းလာကြတယ်။
"အေး အေး
အကုန်အဆင်သင့်ဖြစ်ရင်လည်း သွားကြတော့""ဟုတ်ကဲ့ မမ အဲ့ဒါဆို သွားတော့မယ်နော်"
"ကားကို ဂရုစိုက်မောင်းကြနော် ကလေးတွေ"
သက်တိုင် နဲ့ ဗညားငယ်တို့ သွားကြမယ့်နေရာကတော့ ပြည်မြို့ မှာရှိတဲ့ သက်တိုင်တို့ မိသားစု ရဲ့ အပန်းဖြေအိမ်လို့ ပြောလို့ရတဲ့ အိမ်ကိုပဲ ဖြစ်တယ်။
သွားဖို့ဖြစ်လာတဲ့ အကြောင်းရင်းကတော့ အဲ့ဒီအိမ်မှာ အစောင့်လည်းဖြစ် သက်တိုင်တို့ရဲ့ မိသားစုလိုလည်း ဖြစ်နေတဲ့ ၀န်ထမ်းတစ်ယောက်က နေမကောင်းဖြစ်နေတယ်လို့ လှမ်းအကြောင်းကြားလို့ဖြစ်တယ်။ ဒါပေမယ့် သက်တိုင် အတွက်တော့ အကြောင်းရင်းက ဒီထက်ပိုတယ်ဆိုတာ သူတစ်ယောက်သာ သိနေပါတယ်။
သက်တိုင် တို့ အိမ်က ထွက်လာတဲ့အချိန်က မနက် 5 နာရီ၀န်းကျင် လောက်ဖြစ်တယ်။ ကားကိုတော့ ဗညားငယ်က မောင်းလာပြီးတော့ သက်တိုင်ကတော့ ဘေးကနေထိုင်လိုက်လာတာ ဖြစ်တယ်။
ဖြည်းဖြည်းမှန်မှန်ပဲ မောင်းလာတဲ့ ကားလေးဟာ သိပ်မကြာတဲ့အချိန်မှာတော့ မြို့ပြင်ကို ရောက်လာခဲ့တယ်။ မြို့ပြရဲ့နယ်နိမိတ်နဲ့ ကင်းလွတ်လာတာနဲ့အမျှ လေထုကအစ သိသိသာသာ လတ်ဆတ်လာပြီး ကားပြတင်းပေါက်ကနေတဆင့် မြင်နေရတဲ့ မြင်ကွင်းတွေဟာလည်း သိသိသာသာ စိမ်းလန်းလို့နေပါတယ်။မိုးမျှော်တိုက်တာတွေ ပြည့်ကျပ်နေတဲ့ လူတွေကားတွေနဲ့ ခဏကင်းဝေးသွားတဲ့ ခံစားမှုကို ခရီးထွက်ရတဲ့အချိန်မှပဲ ရနိုင်တယ် မဟုတ်လား။
ESTÁS LEYENDO
"အခါတော်ပေးတာက နတ်ရေးငယ်ရွှေစာ"(Completed)
Romanceဟိုးရှေးရှေးတုန်းက သိကြားမင်းဆင်းဖြတ်တောင် မပြတ်နိုင်တဲ့ ချစ်သူနှစ်ယောက်ရှိသတဲ့။