Chapter (19)

244 23 0
                                    

ညတစ်နာရီဆိုတဲ့ အချိန်ဟာ လူတိုင်းနီးပါး အေးအေးချမ်းချမ်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျဖို့ လုံလောက်တဲ့ အချိန်ဖြစ်ပါတယ်။

ဒါပေမဲ့ မြတ်ဘုန်းသက်တိုင် တစ်ယောက် မှာတော့ ဧည့်ခန်းထဲ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း မအိပ်နိုင်သေးဘူး။ သိပ်မကြာပါဘူး ဆိုပြီး အပြင်ထွက်သွားတဲ့ ကိုယ်တော်လေးက ညတစ်နာရီကျော်တဲ့အထိ အိမ်ကို ပြန်မရောက်လာသေးသလိုဖုန်းကလည်း လုံး၀ခေါ်လို့မရပြန်ဘူး။

ညက တစ်စတစ်စ နက်လာတာနဲ့အမျှ မြတ်ဘုန်းသက်တိုင်ရဲ့ ရင်ထဲက အပူကလည်း ပို ပိုပြီး ကြီးလာတယ်။ ဘယ်လိုက်ခေါ်ရမှန်းလည်း မသိ၊ ဆက်သွယ်လို့ကလည်း မရတဲ့ အချိန်မှာ သူ့အနေနဲ့ ကလေးတွေလို အော်သာ ငိုလိုက်ချင်တော့တာပဲ။
ပြီးတော့ အဆိုးဆုံးကိစ္စကတော့ သူ့ခန္ဓာကိုယ်ပေါ်က စက်ြာပုံ အမှတ်နေရာကနေ မီးစ နဲ့ထိုးသလိုလို ပူနေတာ လွန်ခဲ့တဲ့ တစ်နာရီ လောက်ကတည်းက ဖြစ်တယ်။

*ဒီကောင်လေး တစ်ခုခု ဖြစ်နေတာတော့ မဟုတ်လောက်ပါဘူးနော်*

အဲ့ဒီအချိန်မှာပဲ စားပွဲပေါ်တင်ထားတဲ့ သူ့ဖုန်းက ထမြည်လာတာနဲ့ အလောတကြီး ကိုင်လိုက်တယ်။ နံပါတ်ကတော့ ဖုန်းနံပါတ်စိမ်းတစ်ခုပါပဲ။

"ဟဲလို အမိန့်ရှိပါ"

"ဟုတ်ကဲ့ ကျွန်တော် ဗညားငယ် ရဲ့ အုပ်ထိန်းသူ မှန်ပါတယ်"

"ဗျာ ဟုတ် ဟုတ်ကဲ့"

ဖုန်းချပြီးပြီးချင်းပဲ wallet နဲ့ ကားသာ့ ကိုဆွဲလို့  ကားပေါ် အသည်းအသန်တက်ပြီး မောင်းထွက်ခဲ့ရတယ်။

"ဗညားငယ် ဗညားငယ် မင်းက ငမွှေထိုးလေး ပဲ"

မိနစ်အနည်းငယ်လောက် ကားကို ဒုန်းဆိုင်းမောင်းခဲ့ပြီးတဲ့နောက်မှာတော့ ဉီးတည်ရာ မင်္ဂလာအရပ်ကို ရောက်လာခဲ့ပါပြီ။ အဲ့ဒီ နေရာကတော့ ရဲစခန်းပါပဲ။

ဟုတ်ပါတယ် ဗညားငယ် ဆိုတဲ့ အရှုပ်ထုတ်ကလေးက ညကြီးအချိန်မတော် အုပ်စုဖွဲ့ရမ်းကား နေတယ်ဆိုပြီး ရဲစခန်းကို ရောက်နေတယ်။ သက်တိုင် ကတော့ အခုသူ့ကို အာမခံနဲ့ လာထုတ်ပေးတာပါ။

"အခါတော်ပေးတာက နတ်ရေးငယ်ရွှေစာ"(Completed)Tempat cerita menjadi hidup. Temukan sekarang