Chapter (33)

215 16 2
                                    

ခေတ်မီသပ်ရပ်စွာ ပြင်ဆင်ထားတဲ့ ထမင်းစားခန်းကျယ်ကြီးတစ်ခုထဲက စားပွဲရဲ့ထိပ်မှာ အမျိုးသားတစ်ယောက်ရှိနေတယ်။

အဲ့ဒီလူက လက်ထဲမှာရှိနေတဲ့ စာအုပ်တစ်အုပ်ကို စိတ်၀င်တစားဖတ်နေရင်းနဲ့ တစ်ချက် တစ်ချက်မှာ ယောက်ျားဆန်လှတဲ့ လက်ချောင်းသွယ်သွယ်တွေကို အသုံးပြုပြီး နှာခေါင်းပေါ်က ရွှေကိုင်း မျက်မှန်လေးကို အသာပင့်ပင့်တင်လိုက်သေးတယ်။

ယောက်ျားတစ်ယောက် တစ်စုံတစ်ခုကို အာရုံစူးစိုက်နေတဲ့ အချိန်ဟာ ကြည့်အကောင်းဆုံးပဲ ဆိုတဲ့အကြောင်း အဲ့ဒီအမျိုးသားက သက်သေပြပေးနေတယ်။

"Morning ဒယ်ဒီ"

ကလေးသံသေးသေးလေးရဲ့နောက်မှာတော့ ဖတ်လက်စ စာအုပ်ကို သက်တိုင် က ချလိုက်ရင်း လှေကားဖက်ကို လှမ်းကြည့်လိုက်တယ်။

ချည်သားအဖြူ၀မ်းစက်လေးနဲ့ အဖြူရောင် အရိပ်သေးသေးလေးက သူ့ရဲ့ခြေတံတိုတိုလေးတွေကို သုံးရင်းနဲ့ လှေကားလက်ရမ်းတွေကို အားပြုပြီး ဂရုတစိုက်ဆင်းလာနေတယ်။

အချိန်တွေအများကြီးကို ဖြတ်သန်းလာလိုက်တာ အခုဆို မြဘုန်းငယ်လေးတောင် သုံးနှစ် အရွယ်ကို ရောက်လာခဲ့ပါပြီ။

ဒီအတောအတွင်း သူတို့မိသားစု မှာကြီးမားတဲ့ အပြောင်းအလဲတော့ မရှိခဲ့ဘူး။

သက်တိုင် အနေနဲ့လည်း ထပ်တိုးချဲ့ထားတဲ့ လုပ်ငန်းတွေနဲ့ ယောက္ခမဘက်က လုပ်ငန်းအချို့ကိုပါ တာ၀န်ယူထားရတဲ့အတွက် အလုပ်ပိုများလာပြီး မျက်နှာမှာတော့ဘစာကြည့်မျက်မှန်တစ်ခု အပိုရှိလာခဲ့တယ်။

သက်တိုင်ရဲ့ တစ်ဉီးတည်းသော အစ်မ ဖြစ်သူက အပျိုကြီးဘ၀ကနေ လွတ်ကျွတ်ပြီး သျှောင်နောက် ဆံထုံးပါသွားတာကတော့ ချွင်းချက်ပဲ ထားပါတော့။

သမီးလေး ကို ဒီအရွယ်ထိ ကျန်းကျန်းမာမာ ကောင်းကောင်းမွန်မွန်ကြီးပြင်းလာအောင် စောင့်ရှောက်ခဲ့ရတဲ့ အချိန်တွေကတော့ အမှန်တိုင်းပြောရရင် အခက်အခဲတွေတော့ အနည်းငယ် ရှိခဲ့ပါတယ်။

အကြောင်းရင်းမရှိဘဲ ငိုနေလို့ ညလုံးပေါက် တရေးမှ မအိပ်ရဘဲ တစ်ယောက်တစ်လှည့် ပခုံးပေါ်တင်သိပ်ခဲ့ရတဲ့အချိန်တွေ၊

"အခါတော်ပေးတာက နတ်ရေးငယ်ရွှေစာ"(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ