Chapter (7)

323 27 2
                                    

စုငြိမ်းအေး ဆိုတဲ့ အမျိုးသမီးဆီကနေ အိမ်ကို ပြန်ရောက်တဲ့အထိ သက်တိုင် ရဲ့ စိတ်တွေရှုပ်ထွေးနေဆဲ‌ပါပဲ။ အဲ့ဒီ အမျိုးသမီးပြောလိုက်တဲ့ စကားတွေက သက်တိုင်ကို ဒီအခြေနေတွေနဲ့ပက်သက်ပြီး ပိုလို့ နားလည်ရခက်စေတယ်။

အခုလည်း အခန်းထဲက အလုပ်စားပွဲမှာထိုင်နေပေမဲ့ စိတ်တွေက ဟိုလွင့် ဒီ လွင့် နဲ့ ဘာကိုမှ ကောင်းကောင်းအာရုံစိုက်လို့ မရပါဘူး။

(ဒေါက် ဒေါက် ဒေါက်)

ပြန်လွင့်နေတဲ့ စိတ်တွေက အပြင်ကနေ အခန်းတံခါးခေါက်သံကြားမှ စိတ်နဲ့ ကိုယ်နဲ့ ပြန်ကပ်လာတယ်။

"မမ လား၀င်ခဲ့လေ"

"သက်တိုင် အလုပ်လုပ်နေတာလား သားငယ်$

"အင်း ပထမ ကတော့ အလုပ်လုပ်မလို့ဘဲ အခုတော့လည်း အာရုံစိုက်မရပါဘူးဗျာ"

"ဒီနေ့ကြားခဲ့ရတဲ့ အကြောင်းတွေနဲ့ ပက်သက်ပြီး သားငယ် ဘယ်လို သဘောရလဲ"

"မသိတော့ပါဘူးဗျာ ကျွန်တော်တော့ စိတ်ရှုတ်တာပဲ သိတယ်
ကျွန်တော့် အလှည့်ကျမှ ဘာလို့ဒါတွေ လာဖြစ်နေမှန်းကို မသိဘူး"

"အင်းပါ သိပ်လည်း စိတ်ညစ်ခံမနေနဲ့အုံး
အချိန်တန်ရင် သူ့အလိုလို အားလုံးအဆင်ပြေသွားလိမ့်မယ်

ပြီးတော့ မမ ပြောချင်တာကလေ သားငယ် သာ စိတ်ချမ်းသာပြီး ပျော်ရမယ်ဆိုရင် မင်းရဲ့ သက်ဆိုင်သူ က ဘယ်သူပဲ ဖြစ်ဖြစ်လာ မမ ကလက်ခံပေးနိုင်တယ် ဆိုတာကို မမေ့နဲ့နော်"

"ဟာ ဗျာ မမ ကလည်း"

"အမလေး ကောင်လေး ရှက်မနေနဲ့ လိုအပ်လို့ပြောထားရတာ"

"နေပါအုံး ဒါနဲ့ပဲ လာရင်းကိစ္စမေ့တော့မယ်
သားငယ်ကို ကြည့်ရတာလေ အခုတလော မျက်နှာတအားညှိုးပြီး ပင်ပန်းပုံပေါက်နေလို့ အဲ့ဒါ အလုပ်ကိစ္စတွေကို ကိုကောင်းမြတ် နဲ့ ခဏ လွှဲပြီး ဖိုးဖိုး ဆီမှာ သုံးလေးရက်လောက်သွားနေပါလားလို့
မမ လည်း လိုက်ခဲ့မယ်"

မမ ပြောမှ သက်တိုင် သတိရသွားတယ်။ ဟုတ်တယ် သက်တိုင်တို့ရဲ့  မာမီ ဘက်က အဖိုးက ပြင်ဉီးလွင် မှာနေတယ်။ ဖိုးဖိုးက အရင်ကတော့ ထူးချွန်တဲ့ စီးပွားရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် တစ်ယောက်အနေနဲ့ စီးပွားရေးလောက မှာ သိပ်ပြီးနာမည်ကြီးတယ်။ ဒယ်ဒီ လက်ထက်တုန်းကဆိုရင်လည်း လုပ်ငန်းနဲ့ ပက်သက်တဲ့ အကြံဉာဏ်တွေကို ဖိုးဖိုး ပဲ ပေးခဲ့တာပဲ။ ဒါပေမဲ့ ဖိုးဖိုး က ဖွားဖွား ဆုံးပြီးကတည်းက စီးပွားရေးလောက ကထွက်ပြီး ပြင်ဉီးလွင်မှာပဲ ခြံလုပ်ငန်းလုပ်ကိုင်တော့တယ်။ အခု သက်တိုင် စီးပွားရေးလောကထဲ၀င်လာတဲ့ အချိန်မှာလည်း လိုအပ်တဲ့ အကြံဉာဏ်တွေ တောင်းဖြစ်နေပါသေးတယ်။
စီးပွားရေး စလုပ်ပါပြီဆိုကတည်းက ဖိုးဖိုး နဲ့သက်တိုင်လည်း လူချင်း လုံး၀မတွေ့ဖြစ်တော့ပါဘူး။ ငယ်ငယ်က ရောက်ခဲ့ဖူးတဲ့ မှတ်ဉာဏ်တွေ အရတော့ ဖိုးဖိုး ရဲ့ ခြံဟာ သိပ်လှပြီး သိပ်သာယာပါတယ်။
တွေးကြည့်လိုက်တော့လည်း အခုပဲ သွားချင်လာပြန်တယ်။ စီးပွားလောကထဲ ကျင်လည်ခဲ့တဲ့ ဆယ်နှစ်၀န်းကျင်ကာလမှာ တစ်ခါမှ အားလပ်ရက်ရယ်လို့ သီးခြားမယူခဲ့ဖူးတဲ့ သက်တိုင်အတွက် သုံးလေးရက်လောက် ခွင့်ယူလိုက်လို့လည်းဘာမှ မဖြစ်ပါဘူးလေ။ အဲဒါကြောင့် မမ ပြောတဲ့ ကိစ္စ ကို သဘောတူလိုက်ပါတယ်။

"အခါတော်ပေးတာက နတ်ရေးငယ်ရွှေစာ"(Completed)Donde viven las historias. Descúbrelo ahora