Chapter (32)

224 20 2
                                    

တရွေ့ရွေ့သွားနေတဲ့ အချိန်ယန္တရားဟာ ရက်ကိုလစားရင်း တဖြည်းဖြည်းလည်ပတ်လာလိုက်တာ အခုဆို သက်တိုင် နဲ့ ဗညားငယ် တို့ရဲ့ တစ်ဉီးတည်းသော ရင်သွေးလေး ‌လောကကြီးထဲ စတင်ခြေချမယ့်နေ့ကိုရောက်လာခဲ့ပါပြီ။

ကံကောင်းထောက်မစွာနဲ့ပဲ ကိစ္စအားလုံးက ထင်ထားတာထက် ပိုပြီးလွယ်လွယ်ကူကူ နဲ့ ပြီးစီးခဲ့တယ်။ သမီးလေးရဲ့ ကိုယ်၀န်ကိုတော့ ဆေးရုံဘက်နဲ့ ချိတ်ဆက်ပြီး စိတ်ကြိုက်ရွေးချယ်ခဲ့တဲ့အထဲကမှ လိုအပ်ချက်အားလုံးနဲ့ ကိုက်ညီတဲ့ ထိုင်းအမျိုးသမီးလေးတစ်ဉီးက အငှားကိုယ်၀န်ဆောင် ပေးခဲ့တယ်။ မ မျိုးဉကို ပေးခဲ့တဲ့ အလှူရှင်ကတော့ ဆေးရုံရဲ့ လုပ်ထုံးလုပ်နည်းအရ နာမည်နဲ့ အချက်အလက်ကို ထုတ်ပြောခွင့် မရှိပေမယ့် ကျေးဇူးအလွန်တင်ရတယ့် ပုဂ္ဂိုလ်ပါပဲ။

သမီးလေးကြီးလာရင်လည်း သေချာပေါက်ပြောပြရပါဉီးမယ်။

အခုတော့ သက်တိုင် နဲ့ ဗညားငယ် တို့နှစ်ယောက်သား သမီးလေးကို မွေးဖွားနေတဲ့ ဘန်ကောက်မြို့က ဆေးရုံတစ်ရုံရဲ့ operation room ရှေ့တည့်တည့်မှာ ရောက်နေကြတယ်။
နှစ်ယောက်လုံးလည်း ရှေ့လျှောက် နောက်လျှောက်နဲ့ အငြိမ်မနေနိုင် ဖြစ်နေကြရှာတယ်။

ဆေးရုံ ကနေပို့ပေးလိုက်တဲ့ mail ကနေတစ်ဆင့် နှလုံးခုန်သံသေးသေးလေးကိုညနားထောင်ခဲ့ရတာက မနေ့တစ်နေ့ကအတိုင်းပဲ။ အဲ့ဒီတုန်းက ခံစားချက်ကလည်း ပြောမပြတတ်လောက်အောင် ထူးဆန်းတယ်။ ရယ်ချင်သလိုလို ငိုချင်သလိုလိုနဲ့။

မိဘ နေရာရောက်တော့မှာပါလားဆိုတဲ့ ခံစားချက်က အလွန်ဆန်းသစ်နေသလို စိတ်လှုပ်ရှားစရာလည်း ကောင်းလွန်းနေတယ်။

သမီးလေး မွေးဖွားမယ့်နေ့ရောက်မလာခင် ကာလတစ်လျှောက်လုံးဟာ သူတို့နှစ်ယောက်လုံးအတွက် ပြင်ဆင်စရာအများဆုံး အချိန်တွေဖြစ်ခဲ့တယ်။ ဖခင် ဆိုတဲ့နေရာ၊ မိဘ ဆိုတဲ့နေရာ ကို အကောင်းဆုံးတာ၀န်ယူနိုင်ဖို့အတွက် အများကြီး လေ့လာခဲ့ကြရတယ်။ စိတ်ပိုင်းဆိုင်ရာရော၊ အသိပညာပိုင်းဆိုင်ရာ မှာပါ ပြင်ဆင်ခဲ့ကြရတယ်။

ကိုယ်တိုင် မိဘနေရာ ရောက်လာတော့မယ်ဆိုတော့ သားသမီးဖြစ်ခဲ့တဲ့အခြေနေမှာ သတိမမူမိခဲ့တဲ့ မိဘတွေရဲ့ ခံစားချက်၊ အတွေးအမြင်တွေကိုပါ ပိုပြီး ခံစားတတ်လာခဲ့တယ်။

"အခါတော်ပေးတာက နတ်ရေးငယ်ရွှေစာ"(Completed)Where stories live. Discover now