Chapter (21)

238 19 0
                                    

"ဟား ပင်ပန်းလိုက်တာကွာ
ဒီအလုပ်တွေ ပြီးကို မပြီးနိုင်ပါလား.."

အလုပ်စားပွဲမှာထိုင်ပြီး စာရွက်စာတမ်းတွေကြားထဲ နစ်မြုပ်နေရင်းက သက်တိုင် တစ်ယောက်ခပ်ငြီးငြီးဆိုမိသွားတယ်။

အရေးကြီး project တစ်ခုနဲ့ ပက်သက်ပြီး ရှယ်ယာရှင် အစည်းအဝေးမှာ တင်ပြဖို့ အချက်အလက်တွေ ပြင်ရဆင်ရ စစ်ရဆေးရ နဲ့ အိမ်ကိုမပြန်ဖြစ်တာတောင် နှစ်ရက်လောက်ရှိပြီ။ အခု project က သက်တိုင် တစ်ယောက်အချိန်အကြာကြီးပြင်ဆင်ထားခဲ့ရတာဖြစ်တာကြောင့် Royal ကို မျက်စောင်းထိုးချင်နေကြတဲ့ ရှယ်ယာရှင်အမည်ခံ ကြောင်သူတော်ကြီးတွေ အပြစ်ရှာလို့မရအောင် အကွက်စေ့နေဖို့လိုတယ် ။

"သက်တိုင် အလုပ်ပုံထဲချည်း ခေါင်းစိုက်မနေပါနဲ့ကွာ
အဆင်ပြေသွားမှာပါ..."

ကိုကောင်းမြတ် ရဲ့အသံကြားတော့မှ သက်တိုင်တစ်ယောက်အတွေးကမ္ဘာထဲက ရုန်းထွက်လာနိုင်တော့တယ်။

"ကျွန်တော် ဒီ project ကို ဘယ်လောက်မျှော်လင့်ထားလဲ အကို သိပါတယ်ဗျာ
ဘယ်လိုမှ စိတ်အေးအေးမထားနိုင်ဘူး ဖြစ်နေတယ်...."

"အရမ်းပူမနေစမ်းပါနဲ့ကွာ
အကုန်လုံး ထောင့်စေ့အောင်ပြင်ထားတာပဲ
ဒီနေ့ အစည်းအဝေးပြီးရင်သာ အိမ်မှာ ‌မျှော်နေမယ့်အမျိုးသား စီကို မြန်မြန်ပြန်ဖို့လုပ်...."

"ဟာ ကိုကောင်းမြတ် ကလည်းဗျာ"

"အမလေး ပြုံးနေတဲ့မျက်နှာကြီးကို အရင်လျှော့ပြီးမှ ငြင်းစမ်းပါ ငါ့ညီရ..."

"မချစ်ဘူး မချစ်ဘူးနဲ့ နော် ငါမပြောလိုက်ချင်ဘူး..."

အမှန်တိုင်းပြောရရင် ဗညားငယ်ကို ဘယ်လိုသဘောနေမိလဲ ဆိုတာ သက်တိုင် သေချာမသိတော့ဘူး။ အစကတော့ Royal အတွက်ကျောထောက်နောက်ခံကောင်းတစ်ခု ရလာဖို့အတွက် လက်ထပ်ပွဲကို လက်ခံခဲ့တယ်။ အခုတော့ အဲ့ဒါထက်ပိုတဲ့အကြောင်းတရားတစ်ခု ရှိနေပြီလို့ သူထင်တယ်။ အဲ့ဒါဘာလဲဆိုတာတော့ စမ်းစစ်ကြည့်ရပါဉီးမယ်။

"သံယောဇဉ်လေးအကြောင်းပြော လိုက်တာနဲ့ သက်တိုင် တို့ လောကကြီးနဲ့ အဆက်အသွယ်ပျက်သွားလိုက်တာများ...."

"အခါတော်ပေးတာက နတ်ရေးငယ်ရွှေစာ"(Completed)Tahanan ng mga kuwento. Tumuklas ngayon