Chapter (14)

296 23 1
                                    

⚠️(15နှစ်အောက်စာဖတ်သူများ ဖတ်ရှုရန်မသင့်တော်သည့် ဇာတ်လမ်းဇာတ်ကွက်များပါ၀င်သည်။)

ဗညားငယ် တစ်ယောက် လမ်းကိုဖြောင့်ဖြောင့်မလျှောက်နိုင်လောက်အောင် မူးနေတဲ့ သူ့ရဲ့ အသစ်စက်စက်ခင်ပွန်းလေးကို ပခုံး ကနေ ထွေးဖက်လို့ သူတို့ရဲ့ မင်္ဂလာအိပ်ခန်းစီကို လျှောက်လှမ်းလာခဲ့တယ်။

အခု ဗညားငယ် ရဲ့အဖြစ်က သျှောင်နောက် ဆံထုံးပါ ပြောရမလား ၊ ဆံထုံးနောက် သျှောင်ပါပဲ ဆိုရမလားမသိပေမဲ့ လက်ထပ်ပြီးတဲ့နောက်မှာ သူ့ အမျိုးသား တဖြစ်လည်း သူ့အသည်းအသက် ကလေးရဲ့ အိမ်မှာပဲ လိုက်နေဖြစ်တယ်။ ဘာလို့လဲဆိုတော့ သူ့ အသက် က အစ်မ ဖြစ်သူကို တစ်ယောက်တည်းထားပြီး တခြားမှာနေချင်ပုံ မရဘူး။ အဲ့တော့လည်း သူကပဲ လိုက်လျောရတော့တာပေါ့လေ။

သူ့ ရဲ့ အသက်က ခန္ဓာကိုယ်ကော အရပ်အမောင်းပါ သူနဲ့မတိမ်းမယိမ်းဖြစ်နေတော့ လှေကားကို အတော်လေးခက်ခက်ခဲခဲ တက်ခဲ့ပြီးတော့မှပဲ အိပ်ခန်းစီကိုရောက်တယ်။
အန်းအပြင်အဆင်ကတော့ ခပ်ရိုးရိုးပါပဲ။ အဖြူရောင်ကို ဉီးစားပေးသုံးထားပြီးတော့ အခန်းရဲ့ အလည်မှာ king size bed တစ်ခုရှိနေတယ်။

ဗညားငယ် လည်း သူ့ပခုံး‌ပေါ်မှီတွယ်ထားတဲ့ အမူးသမားလေးကို ကုတင်ထက်မှာ ဖြည်းဖြည်းလေးတင်ပေးလိုက်ရင်း ကုတင် ရဲ့ဘေးဘက်မှာ အသာလေး၀င်ထိုင်လိုက်ပါတယ်။

အခန်းထဲမှာထွန်းညှိထားတဲ့ ညအိပ်မီးဝါကျင့်ကျင့်ရဲ့ အလင်းရောင်က အိပ်ရာထက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတဲ့ အမျိုးသားရဲ့ မျက်နှာချောချောပေါ်ကို ဖြာကျလို့နေတယ်။

ညအိပ်မီးရောင်ကြောင့် ထင်ထင်ရှားရှားမြင်နေရတဲ့ ခပ်ထင်းထင်း နှာတံတစ်လျှောက်ကို ဗညားငယ်က သူ့ရဲ့လက်ညှိုးနဲ့ အသာလေးပွတ်ဆွဲလိုက်တယ်။ တိုစိတ်စိတ်မျက်တောင် နက်နက်ကလေးတွေ နဲ့ ထောင့်ချိုးညီလှ တဲ့ ကြက်သွေးရောင်သဲ့သဲ့ နှုတ်ခမ်းပါးတို့ဟာ ဘယ်တော့မှ မနိုးထချင်တဲ့ အိပ်မက်လှလှလေးပါပဲ။

"ဘယ်လောက်တောင် သောက်ထားတာလဲ ခင်များရယ်
ဒီညက ကျွန်တော်တို့ မင်္ဂလာဉီးည ဆိုတာကော သတိရသေးရဲ့လား ဟင်..."

"အခါတော်ပေးတာက နတ်ရေးငယ်ရွှေစာ"(Completed)Where stories live. Discover now