Chapter (8)

315 27 0
                                    

သက်တိုင် တစ်ယောက် အခန်းထဲ ခေါက်တုံ့ခေါက်ပြန်လျှောက်နေတာ အတော်ကြာနေပြီဖြစ်ပါတယ်။ ဖြစ်သွားတဲ့ အဖြစ်အပျက်တွေက မြန်ဆန်လွန်းလို့ လိုက်မှီအောင် သူအတော်လေးကြိုးစားနေရတယ်။ အခု သူ့အဖြစ်က စိတ်ညစ်လို့ ကမ်းနားသွားထိုင်ကာမှ သပွတ်အူ မျောလာတာနဲ့ တိုးတယ် ဆိုတဲ့ အဖြစ်မျိုးနဲ့ တူနေတယ်။

မနက်က အဖြစ်အပျက်ကို ပြန်ပြောရမယ် ဆိုရင်တော့

"အသက်!"

အဲ့ဒီခေါ်သံနဲ့ အတူ သက်တိုင် ရဲ့ တစ်ကိုယ်လုံးက လူတစ်ယောက်ရဲ့ ရင်ခွင်ထဲကို ရောက်နေပါပြီ။ သူ့ကို ဖက်လိုက်တဲ့လူကလည်း ဧည့်ခန်းထဲမှာထိုင်နေတဲ့ Hoodie အဖြူ၀တ်ထားတဲ့ကောင်လေး။ သက်တိုင်လည်း  ဖက်ထားတဲ့လူ ကို အလန့်တကြားဆွဲဖယ်လိုက်တဲ့အခါမှာတော့

"ဟင်... မင်း မင်းက သူပဲ"

"အသက် ကျွန်တော့်ကို သိတယ်မလားဟင် သိတယ်မလားလို့  ဖြေပါဉီး အသက်ရဲ့ ဟင်"

သက်တိုင် သူ့ရှေ့မှ ဂဏာမငြိမ် နဲ့ ပါးစပ်ကတတွတ်တတွတ်ရွတ်နေတဲ့ ကောင်လေးကို အသေအချာကြည့်ပြီး အံ့ဩလွန်းလို့ ဘာမှ ‌မပြောနိုင်တော့ဘူး။ နောက်တော့ သူလည်း အံ့အားသင့်တာရော စိတရှုတ်သွားတာရော နှစ်ခုပေါင်းပြီး သူ့ရှေ့က ကောင်လေးကို တွန်းထုတ်မိသွားတယ်။
ခန္ဓာကိုယ်ချင်းကလည်း မတိမ်းမယိမ်း ဖြစ်ပြီး ရုတ်တရတ်လည်း ဖြစ်နေတော့ ကောင်လေးက အနောက်ကို ဖင်ထိုင်လျက် ပြုတ်ကျသွားတယ်။ သူတစ်ကယ်ကို မရည်ရွယ်ပါဘူး။

နောက်တော့ သက်တိုင်လည်း မြန်မြန်ဆန်ဆန်ပဲ အိမ်အပေါ်ထပ်ကို ပြေးတက်ခဲ့လိုက်တော့တယ်။ အောက်ထပ်မှာ ဘာတွေ ဖြစ်ကျန်ခဲ့တယ် ဆိုတာလည်း သူမသိတော့ပါဘူး။

အဖြစ်အပျက်အားလုံးကို ခြုံကြည့်ရရင်တော့ ဟုတ်တယ် သက်တိုင်ရဲ့ အိပ်မက်ထဲက ကောင်လေးက အပြင်လောကမှာ တကယ်ရှိနေပါတယ်။ ပုံရိပ်ယောင်လို့ ထင်ထားခဲ့ပေမယ့် တကယ်ကို လူသားစင်စစ်အဖြစ်နဲ့ ရှိနေပါတယ်။

အိပ်မက်တွေထဲမှာ မြင်ဖူးခဲ့တဲ့ ကတုံးဆံပင်ပေါက် အစား ကုဂုတ်ဖက်ကိုမညီမညာဝေ့ဝဲကျနေပြီး ငွေမှင်ရောင်နဲ့ အပြာရောင်ကို ရောယှက်ထားတဲ့ ဆံပင်တွေက နေရာယူထားတယ်။ ခရစ်စတယ်လို ကြည်တောက်နေတဲ့ မျက်ဝန်းတွေ၊နှင်းဆီဖူးလို ရဲထွေးနေတဲ့ နှုတ်ခမ်းလုံးလုံးလေး၊ အဖုအထစ်လုံး၀မရှိတဲ့ နှာတံစင်းစင်း၊ ညို့မှောင်နေတဲ့ မျက်ခုံးတန်းနက်နက်တွေနဲ့ ကောင်လေးဟာ အိပ်မက်ထဲ မြင်နေကျပုံစံထက် ပိုမိုထင်ရှားနေတဲ့ မေးရိုးတွေက လွဲရင် အဲ့ဒီကောင်လေးဆိုတာ အသေအချာပါပဲ။ နှင်းလုံးလေးလို ဖြူအုနေတဲ့အသားအရည်နဲ့ 6 ပေအတိရှိတဲ့ သက်တိုင်ထက်တောင်အနည်းငယ်ပိုမြင့်နေတဲ့ အရပ်အမောင်းနဲ့ကောင်လေးဟာ ကောင်းကောင်းမွန်မွန် ကြီးပြင်းလာရတဲ့ ကလေးတစ်ယောက်ဖြစ်ပုံရပါတယ်။

"အခါတော်ပေးတာက နတ်ရေးငယ်ရွှေစာ"(Completed)Tahanan ng mga kuwento. Tumuklas ngayon