Chapter (26)

240 29 2
                                    

န၀ဒေးတံတားပေါ်ကနေစပြီး လှိုက်ခုန်လာတဲ့ ရင်ခုန်သံက ရန်ကုန်‌ပြန်ရောက်ပြီး ရက်အနည်းငယ်ကြာတဲ့ အထိ နှစ်ဉီးသားလုံးရဲ့ ရင်ထဲမှာ မရပ်တန့်ခဲ့ဘူး။

နှစ်ယောက်သားမျက်နှာချင်းဆိုင်မိတာနဲ့ တိုင်ပင်ထားသလို မျက်နှာလွှဲလိုက်မိကြတာလည်း အကြိမ်ကြိမ်ပါပဲ။

သေချာပေါက် မျက်နှာလွှဲလိုက်ရတဲ့ အကြောင်းရင်းကတော့ မတူဘူးပေါ့လေ။ မြတ်ဘုန်းသက်တိုင် ကတော့ ရုတ်တရတ်ဆန်လှတဲ့ အနမ်းအတွက် မျက်နှာပူလွန်းလို့ဖြစ်ပြီးတော့ ဗညားငယ်ကတော့ တစ်ဖက်လူရဲ့ မျက်နှာကို စေ့စေ့ကြည့် မိတိုင်း နောက်တစ်ကြိမ် ထပ်နမ်းချင်တဲ့ စိတ်ကို ထိန်းမရလို့ဖြစ်တယ်။

အူကြောင်ကြောင်နိုင်‌လွန်းနေတဲ့ နှစ်ယောက်သားကြားထဲက အခြေနေကို ပြောင်းလဲနိုင်ဖို့အတွက် ဗညားငယ်က အစီအစဉ်တစ်ခုဆွဲလိုက်တယ်။

အဲ့ဒါကတော့ နေ့လည်စာကို ဆိုင်လှလှလေးတစ်ဆိုင်မှာ အတူစားကြဖို့ဖြစ်တယ်။ အိမ်မှာ ထမင်းလက်ဆုံစားဖြစ်ကြတာကလွဲရင် အပြင်ထွင်ပြီးအစားအသောက်စားတာမျိုး သူတို့နှစ်ယောက်ကြားမှာ လုံး၀မရှိခဲ့ဖူးဘူး။ အဲ့ဒါကြောင့်အစားအသောက်ကောင်းကောင်းစားရင်း နှစ်ယောက်ကြားက အနေခက်တဲ့ အနေအထားကို ဖျောက်ပစ်ဖို့ တွေးထားတယ်။ သူ့ရဲ့ အသည်းအသက်ကလည်း သဘောတူတဲ့အတွက် အခု Company မှာ အသက်ကို ခေါ်ဖို့သွားနေတာ ဖြစ်တယ်။

အသက်ရဲ့ အလုပ်ခွင်ထဲကို ‌ဗညားငယ် က တစ်ခါမှရောက်ဖူးဘူး။ သွားစရာလိုတယ်လို့လည်း တစ်ခါမှ မတွေးဖူးဘူး။ ယောက်ျားဖြစ်သူရဲ့ အလုပ်ခွင်ထဲ ၀င်ချည်ထွက်ချည်လုပ်ပြီး ပေါ်ပေါ်ထင်ထင်နေတာမျိုးလည်း သူက ဝါသနာ မပါဘူး။ ပထမဆုံးအနေနဲ့ သူ့အမျိုးသားရဲ့ အလုပ်လုပ်နေတဲ့ ပုံစံကို ကြည့်ဖို့အတွက် အလွန်စိတ်လှုပ်ရှားနေမိတယ်။ အိမ်မှာလည်း မြင်ဖူးနေပေမယ့် သေချာပေါက်တော့ တူမှာမဟုတ်ဘူး။

Royal Gp ရဲ့ main building က တစ်ခြား Company တွေနဲ့ နည်းနည်းလေးတော့ ကွဲပြားမှုရှိတယ်။
ကြည့်လိုက်တာနဲ့ ဟိတ်ဟန် တစ်ခုနဲ့ ဝံ့ကြွားနေတာမျိုးထက် အေးအေးချမ်းချမ်းနဲ့ လှပပြီး နေချင်စရာ ကောင်းတဲ့ ခံစားချက်မျိုးကို ပေးတယ်။

"အခါတော်ပေးတာက နတ်ရေးငယ်ရွှေစာ"(Completed)Wo Geschichten leben. Entdecke jetzt