Chapter (18)

235 22 1
                                    

ဗညားငယ် တစ်ယောက် အိမ်ရဲ့အပေါ်ထပ်ကနေ ခပ်ဖြည်းဖြည်းပဲ ဆင်းလာခဲ့တယ်။ တီရှပ် အဖြူ နဲ့ Jean pants အနက်တွဲပြီး ရိုးရိုးရှင်းရှင်း ၀တ်ဆင်ထားပေမဲ့ ထင်လင်းပြီး ကျော့မော့တဲ့ အနေအထားကိုတော့ ဖုံးကွယ်လို့ရဟန်မတူပါဘူး။
အောက်ထပ်က ဧည့်ခန်းထဲမှာတော့ သူ့ အသက် နဲ့ မမ က TV အစီအစဉ် တစ်ခုကို ကြည့်ရင်း စကား‌ပြောနေကြတယ်။

ဧည့်ခန်းအ၀မှာ ရပ်နေတဲ့ ဗညားငယ်ကို သက်တိုင် ကနေပြီး

"ညား ဘာပြောစရာရှိလို့လဲ
လာလေ"

"မဟုတ်ဘူး အသက်
ကျွန်တော် သူငယ်ချင်းတွေနဲ့ ချိန်းထားတာ အပြင်ခဏ သွားမလို့ အဲ့ဒါပြောမလို့"

"အပြင်သွားမလို့လား
ည 8 နာရီ ကျော်နေပြီလေ အပြင်မှာလည်း အတော်မှောင်နေပြီ အရေးကြီးလို့လား"

"အေးလေ အငယ်လေး ရဲ့ ဒီချိန်ကြီး အပြင်သွားမလို့လား"

မမ ကပါ ၀င်ပြောလာတာကို အားနာပေမဲ့ မတတ်နိုင်ဘူး။
ဒီည အပြင်မထွက်လို့ကို မဖြစ်ဘူး။

"ကျွန်တော် ခဏပဲကြာမှာပါ
မသွားလို့မဖြစ်လို့"

"မဖြစ်မနေဆိုတော့လည်း သွားပေါ့
ဒါပေမဲ့ ညား ကားကို ဂရုစိုက်မောင်းနော်"

အနောက် ကနေ ကြားလိုက်ရတဲ့ အသက် ရဲ့ ကားကို ဂရုစိုက်မောင်း ဆိုတဲ့ အသံ ကြောင့် လူက တစ်ချက်တွန့်သွားသလိုပဲ။
ကိုယ်က လိမ်ထားတဲ့သူပဲကိုး။

ဗညားငယ်တစ်ယောက် သူ့ရဲ့ sport car နီနီလေးကို ထိုက်တို့နဲ့ ချိန်းထားတဲ့ နေရာဆီမောင်းထွကိလာခဲ့တယ်။ ဒီနေ့က ကားပြိုင်မောင်းကြမယ့် နေ့။ တစ်နည်းအားဖြင့် ဟို ထက်မာန် ဆိုတဲ့သောက်ရူး ကို ကိုယ့်နေရာ ကိုယ်သိအောင် လုပ်ပေးရမယ့်နေ့ပေါ့။ အသက် ကိုတော့ မလိမ်စဖူး လိမ်လိုက်ရတာပေါ့လေ။

..... .....

ပွဲက တရား၀င်မဟုတ်ပေမဲ့ ပွဲစီစဉ်သူက အကောင်ကြီးကြီး အမြီးရှည်ရှည်ထဲက ဖြစ်နေတော့ တရား၀င်ခြင်း တရားမ၀င်ခြင်းက ပြဿနာကို ဟုတ်မနေဘူး။ ဒီညစ်ပတ်တဲ့ လောကကြီးမှာ ငွေ‌ကြေး နဲ့ အာဏာ ကပဲ အကောင်းဆုံး တရားစီရင်ရေးတွေ မဟုတ်လား။

"အခါတော်ပေးတာက နတ်ရေးငယ်ရွှေစာ"(Completed)Donde viven las historias. Descúbrelo ahora