Part - 4 ( Zg + Uni)

6.1K 188 3
                                    

အချစ်ကချိုသလောက် သူပေးတဲ့ အနမ်းက ကြမ်းတယ်🌚🌚
💋💋💋💋💋(Part - 4)

""ဟို​လေ......ရုံ ​တောင်းပန်​ပါတယ်​ ""

မဆီမဆိုင်​ သူ့ ကို ​တောင်းပန်​စကား ​ပြောလိုက်​​သော ဘွား​တော်
ကြောင့်​ ဇယ်​ မျက်​ခုံးလှူပ်​သွား​ရသည်​။
""ခင်ဗျားက ဘာတောင်းပန်တာလဲ ဘွားတော် ""

ထိုစကားကို မျက်ခုံးတစ်ဖက်ကျုံ့ပြီး ဘုန်းထက်ဇယ် မြဝါးရုံ
ကို မေးလိုက်လေသည်။

"" ရုံ လက်ခံလိုက်ပြီ လက်ထပ်ဖို့ကို ""

"""ဘာ!!!!!!!!!!!!! ""
""ခင်ဗျားဘာပြောလိုက်တာလဲ ဘွားတော်""
""နောက်တစ်ခေါက် ပြန်ပြောစမ်း ""

ရုံ ကို မျက်ထောက်နီ ကြီးနဲ့ ကြည့်ပြီး မေးနေတဲ့
ဘုန်းထက်ဇယ် ပုံစံ က ရုံ ကို သတ်ချင်နေသည်အလား..။

ရုံ မှာတော့ သူ့ကို ကြည့်ပြီး လက်တွေက တုန်လာရသည်။
ရှေ့ဆက်ပြောမယ့် စကားကိုပင် ရုံ အားယူလိုက်ရပြီး
ရုံ ကို သူ ဘာမှ မလုပ်ပါစေနဲ့ ဆုတောင်းနေမိ၏ ။

""ဟို​လေ မင်းဖုန်းဆက်​မခင်​ လွန်​ခဲ့တဲ့ တစ်​နာရီခွဲ​လောက်​ က ရုံ အိမ်​ကို မင်းအဖေ နဲ့ အမေ လာသွားကြတယ်​"""
"" ဒါ​ကြောင့်​ လက်​ထပ်​ဖို့ကို ရုံ လက်​ခံလိုက်​ပြီ ""

""ဘာ!!!!!!!!!!!! "

လူက သူ့ကို ​ကြောက်​ပြီး လက်​​တွေတုန်​​နေရတဲ့ ကြားထဲ
အခု သူ့က ထ​အော်​လိုက်​​တော့ ရုံ ပိုပြီး လန့်​သွားရ၏ ။

""ဘွား​တော်​ ခင်​ဗျားဗျာ
ကျွန်​​တော်​​ပြောထားတယ်​​လေ ခင်​ဗျားကို မချစ်​ဘူးလို့
ခင်​ဗျားကို ချစ်​ရင်​ မှားခဲ့တဲ့​နေ့ကတည်းက ကျွန်​​တော်​တာဝန်​ယူ
မှာ​ပေါ့ အခု​တော့ ခင်​ဗျားက .........​တောက်​စ်
ဟာကွာ """
"ဒုန်း.....ဒုန်း...ဒုန်း ""

စိတ်​​တွေတိုပြီး ​တောက်​​စ်​ ​တွေက​ခေါက်​ ဆံပင်​​တွေကို
လက်​နှစ်​ဖက်​နဲ့ စိတ်​ပျက်​စွာ သပ်​တင်​​နေရင်းနဲ့မှ
စားပွဲခုံကို လက်​သီးနဲ့ ထထိုးလိုက်​​သော ဘုန်းထက်​ဇယ်
ကြောင့်​ ရုံ အရမ်းလန့်​ပြီး မျက်​လုံး​တွေမှိတ်​ထားမိလိုက်​၏ ။

**အချစ်က ချိုသလောက် သူပေးတဲ့အတမ်းက ကြမ်းတယ် ( ဘုန်းထက်ဇယ် + မြဝါးရုံ )         Where stories live. Discover now