Part - 25 ( Zg + Uni)

4.5K 120 4
                                    

အချစ်ကချိုသလောက် သူပေးတဲ့ အနမ်းက ကြမ်းတယ်🌚🌚
💋💋💋💋💋(Part - 25)

ရုံ ​ရှေ့က​နေ ပိတ်​ရပ်​ပြီး ရုံ လက်​​လေးကို အတင်းဆွဲထားတဲ့
သူ့ကို ရုံ နာကြည်းစွာ ကြည့်​ပစ်​လိုက်​၏ ။

" အခုလွှတ်​စမ်း.. ဘုန်းထက်ဇယ်...မင်း ငါ့လက်​ကို !!!!! "

" ဟင့်​အင်း ......မလွှတ်​နိုင်​ဘူး ဘွား​တော်
ကျွန်​​တော်​ လုံးဝမလွှတ်​နိုင်​ဘူး "

" ​ငါ ​ပြော​နေတုန်း လွှတ်​လိုက်​​နော်​ ဘုန်းထက်​ဇယ်
မဟုတ်​ရင်​ မင်း ငါ့အ​ကြောင်း ​ကောင်း​ကောင်းသိသွား​စေ
ရမယ်​ "

လူ​တွေအကုန်​လုံးကလည်း စိတ်​ဝင်​တစားနဲ့ သူတို့အတွဲကို
ဘာဆက်​ဖြစ်​မလဲဆိုပြီး ကြည့်​​နေကြသည်​။ စစ်​မင်းထက်​ ၊
လက်​ယာ နဲ့ ပိုးဥ လည်း ရုံ က ဇယ်​ ကို ဘာလုပ်​မလဲဆို
ပြီး ကြည့်​​နေကြ၏ ။

" ကျွန်​​တော်​ လုံးဝမလွှတ်​နိုင်​ဘူး "

ပြောရင်းနဲ့ ရုံ ကိုယ်​​လေးကို ​ပွေ့ချီဖို့ ပြင်​လိုက်​တဲ့
ဘုန်းထက်​ဇယ်​ လက်​တစ်​စုံ ​ကြောင့်​ ချက်​ချင်းဆိုသလို
သူ့ခြေထောက်ကို ရုံ ဒေါက်ဖိနပ်နဲ့ အသားကုန်​တက်နင်းပစ်လိုက်သည်။

" အား "

သူ ရုံရဲ့ လက်ချက်ကြောင့် နာသွားတာနဲ့ တစ်ပြိုင်နက်
သူ့ ရှေ့ကနေ ရုံ အမြန်ထွက်လာခဲ့လိုက်သည်။

" ဇယ် နာသွားလားဟင် ....ဘာဖြစ်သွားသေးလဲ "

" ရတယ် ပိုးဥ ငါ ဘာမှ မဖြစ်ပါဘူး "

" ဒါနဲ့ ငါ မေးအုံးမယ် ပိုးဥ ငါ့မိန်းမ ကို စစ်မင်းထက် နဲ့
နမ်းနေတဲ့လို့ အားလုံးထင်အောင်
နင် စီစဉ်ထားတာလား .."

" မဟုတ်ပါဘူး... ဇယ် ကလည်း ငါ ဘာမှ မစီစဉ်ရပါဘူး
နင့်မိန်းမ အဲ့ဒါ ငါ့ကို အပုပ်ချတာ "

" ဒါဆို ငါနဲ့ ငါ့မိန်းမ မှားခဲ့တဲ့ညက ပုံတွေကို
နင် ဘာလို့ လူတွေအများကြီး ရှေ့မှာ ချပြရတာလဲ "

" နင် မေ့နေပြီလား ဇယ် ....နင် ပဲ ပြောတယ်လေ
နင်သူ့ကို တစ်နေ့ ဒီလိုလုပ်မယ်ဆိုပြီး
အဲ့ဒါကို ငါ့က အခု ကူညီပေးတာကို နင့်က ဘာဖြစ်လို့လဲ
နောက်ပြီး နင်လည်း ဝင်မတားဘူးလေ
ငါ ပြောနေတဲ့ အချိန်မှာ... အဲ့ဒါကို နင့်က ဘာဖြစ်လို့
အခုမှ ငါ့ကို အပြစ်တင်ချင်နေရတာလဲ ဇယ် "

**အချစ်က ချိုသလောက် သူပေးတဲ့အတမ်းက ကြမ်းတယ် ( ဘုန်းထက်ဇယ် + မြဝါးရုံ )         Where stories live. Discover now