Part - 37 ( Zg + Uni)

3.8K 86 1
                                    

အချစ်ကချိုသလောက် သူပေးတဲ့ အနမ်းက ကြမ်းတယ်🌚🌚
💋💋💋💋💋(Part - 37)

" အမ​လေး .......ဘုန်းထက်​ဇယ်
မင်း ဘာလာလုပ်​တာလဲ အခုချက်​ချင်းထွက်​သွားစမ်း "

ရေချိုးပြီးလို့ တဘတ်​ရင်​လျား​လေးနဲ့ ထွက်​လာတုန်း
အခန်းထဲဝင်​လာတဲ့ ဘုန်းထက်​ဇယ်​ ​ကြောင့်​ လူက လန့်​ပြီး
သူ့ကို အတင်း​မောင်းထုတ်​​နေမိသည်​။

ဒါကို ထွက်​မသွား​သေးဘဲ ရုံ နားကပ်​လာတဲ့ သူ​ကြောင့်
လူက ​ကြောက်​ပြီး ​နောက်​ကို ဆုတ်​ပြီးရင်းဆုတ်​​နေမိသည်​။
အဆုတ်​လွန်​ပြီး ​နောက်​မှာ နံရံပဲ ရှိ​တော့​ကြောင့်​ လူက
ကြောက်​ဒူးတုန်​လာရသည်​။

" ဘုန်းထက်​ဇယ်​ ......မင်း.....မင်း....မင်း ငါ့ကို
ဘာလုပ်​မလို့လဲ .......??? "

" ဘာလုပ်​မယ်​လို့ မ က ထင်​လဲ ....."

ပြောရင်းနဲ့ပင်​ ဇယ်​ ရဲ့လက်​က ရုံ ရင်​လျားလုပ်​ပြီး
ပတ်​ထားတဲ့ တဘတ်​အဖြူ​လေး​ပေါ်ကို ​ရောက်​လာတာ
ကြောင့်​ ရုံ အသားကုန်​ ​အော်​လိုက်​၏ ။

" အား..... .!!!!! "

" ရူး....... တိုးတိုး ''မ " "

ပြောရင်းနဲ့ သူ့က ရုံ ရဲ့ နှုတ်ခမ်းလေးကို လက်နဲ့အသာအယာ
လာပိတ်တာကြောင့် လူက ရှိန်းတိန်းတိန်းဖြစ်သွားမိသည်။

" ဒီမှာ..... တွေ့လား " မ "
မ ထင်သလို မဟုတ်ဘူး မောင်က.... မ ရင်ဘတ်ပေါ်မှာ
စက္ကူဖတ် ကပ်နေလို့ ခွာပေးတာ ....အဲ့ဒါကို "မ" က
ဘာလို့အလန့်တကြား ထအော်ရတာလဲ
ဘာလဲမဟုတ်မှလွဲရော မ က......
မောင့်ကို.......အမ်..အမ်..အမ်.. "

သူပဲ ပြောပြီး သူပဲ ဖြေသွားတဲ့ ဇယ် ကြောင့်
ရုံ စိတ်မရှည်သလို ဖြစ်လာကာ....
သူမ နှုတ်ခမ်းမှာ ကပ်ထားတဲ့ ဇယ် လက်လေးကို အမြန်ခွာ
ချပစ်လိုက်သည်။

" အောင်မာ..... ငါ့က ဘာလို့တွေးရမှာလဲ
အဲ့ဒီစကား မင်းကိုသာ ပြောရမှာ
အချိန်တိုင်း နှာဘူးထနေတဲ့ကောင်ရဲ့ "

" ဘူးရမှာပဲ "မ" .....မဘူးရင် မောင့်က
ဂန်ဒူး ဖြစ်သွားမှာပေါ့ ဒါကြောင့် ဂန်ဒူးတော့
အဖြစ်မခံနိုင်ဘူး ဂန်ဒူး ဖြစ်မယ့်အစား နှာဘူးဘွဲ့ယူပြီး
မောင် က မ တစ်ယောက်တည်းကိုပဲ ဘူးသွားမှာ "

**အချစ်က ချိုသလောက် သူပေးတဲ့အတမ်းက ကြမ်းတယ် ( ဘုန်းထက်ဇယ် + မြဝါးရုံ )         Where stories live. Discover now