Part - 9 ( Zg + Uni)

4.9K 157 5
                                    

အချစ်ကချိုသလောက် သူပေးတဲ့ အနမ်းက ကြမ်းတယ်🌚🌚
💋💋💋💋💋(Part - 9)

ထိန်​လင်းရုံ လည်း ကိုးနာရီထိုးဖို့ ဆယ့်​ငါးမိနစ်​လို​တော့တာ
တောင်​ မရုံ က မလာ​သေးတာ​ကြောင့်​ စိတ်​​တွေပူပြီး
နာရီကို တကြည့်​ကြည့်​နဲ့ လုပ်​​နေ​လေသည်​။
မရုံ ဖုန်းကို ဆက်​​သော်​လည်း မရုံ ဖုန်းက စက်​ပိတ်​ထား
တာ​ကြောင့်​ ထိန်​လင်းရုံ စိတ်​​တွေပူပြီး စင်​​နောက်​မှာ
တောက်​​လျှောက်​လိုက် မြောက်​​လျှောက်​လိုက် လုပ်​​နေမိသည်​။

""ရုံ ဘာလုပ်ရမှာလဲ မောင်လေးက ရုံ ကို မျှော်နေတော့မှာ
ဟင့်အင်း.... ဒီတစ်ခါ ရုံ ပျော့ညံ့လို့မရဘူး
ဟုတ်တယ် ရုံ ပျော့ညံ့လို့မရဘူး မောင်လေးဆီ
ရုံ ရောက်အောင်သွားမယ် ""

ကုတင်ပေါ်က စောင်ပါးပါးလေးတွေကို ရသမျှလိုက်စု၊
လိုက်ကာစတွေပါ မချန် ရုံ တစ်ယောက်စုပြီးသည့်နောက်တွင်
အကုန်လုံးကို သူမ အားနဲ့ ကြိုးတစ်ချောင်းလို ချည်ပြီးသည့်
အခါ ရုံ ပြုံးပြီး ဝရန်တာကနေ ကြိုးအစကို တင်းတင်းချည်ထား
လိုက်ပြီး တိုက် အောက်ကို အဲ့ဒီ ကြိုး ပစ်ချလိုက်သည်။

""အမ​လေး....ဘုရားဘုရား..အမြင့်​ကြီးပါလား
အောက်​ကို ကြည့်​လိုက်​ရင်
ဒါ​တောင်​ နှစ်​ထပ်​တိုက်​မလို့
သုံးထပ်​တိုက်​ဆိုရင်​ ရုံ မလွယ်​ဘူး """

ကြိုးစ ဆုပ်​ကိုင်​ပြီး ​အောက်​ကို ဆင်းဖို့အ​ရေး အရမ်းမြင့်​​နေတာ
ကြောင့်​ ရုံ ကြက်​သီး​တွေထပြီး ဘုရားတ​နေ​လေသည်​။

ကြောက်​​နေတာနဲ့ အချိန်​ကုန်​မှာစိုးတာ​ကြောင့်​ ​မောင်​​လေးဆီ သွားဖို့က စိတ်​အားထက်​သန်​ ​နေတာ​ကြောင့်​ ရုံ စိတ်​ကို အတတ်​နိုင်​ဆုံး မ​ကြောက်​​အောင်​ အား​ပေးပြီး ကြိုးစကို လက်​ထဲကျစ်​​နေ​အောင်​ ဆုပ်​ကိုင်​ထားလိုက်​ကာ ဝရန်​တာက​နေ တိုက်​​အောက်​ကို
ကြိုးစကို အတင်းဆုပ်​ကိုင်​ရင်းနဲ့ မြင်​​နေရတဲ့ ​အောက်​​မြေပြင်​ကို
ကြည့်​ရင်း ရုံ လက်​ဖျား​တွေ ​အေးစက်​လာသည်​။

ကြိုးစကို ဆုပ်​ကိုင်​လိုက်​ တ​ဖြေး​ဖြေးနဲ့ ကြိုးစကို
လျောချသွားရင်း အခုမှ ​အလယ်​ပဲ ​ရောက်​​သေးတာ​ကြောင့်
ရုံ ​ချွေး​တွေပြန်​​နေ​လေသည်​။
အောက်​ကို ပြုတ်​ကျသွားမှာစိုးတာနဲ့ လက်​​တွေကလည်း ကြိုးစကို ​တောင်​တက်​သမား​တွေလိုမျိုး မနည်း အတင်းဆုပ်
ကိုင်​လိုက်​ ​တ​ဖြေး​ဖြေး​လျောဆင်းလိုက်​ လုပ်​​နေရသည်​။

**အချစ်က ချိုသလောက် သူပေးတဲ့အတမ်းက ကြမ်းတယ် ( ဘုန်းထက်ဇယ် + မြဝါးရုံ )         Место, где живут истории. Откройте их для себя