အချစ်ကချိုသလောက် သူပေးတဲ့ အနမ်းက ကြမ်းတယ်🌚🌚
💋💋💋💋💋(Part - 19)" ဘာလဲ ....မရုံ က ကျွန်တော့်ကို မောင်လေးလို့ သဘောမထား
ဘူးလား........ကျွန်တော့်မှာတော့ မရုံ ကို ကိုယ့်အစ်မ
တစ်ယောက်လို သဘောထားပြီး ချစ်လိုက်ရတာ
အခုတော့....မရုံ က ကျွန်တော့်ကို မချစ်ဘူးပဲ "မျက်နှာပျက်သွားပြီး စိတ်မကောင်းဖြစ်သွားတဲ့ လက်ယာ
ကြောင့် ရုံ လည်း ချက်ချင်းဆိုသလို......" ချစ်တာပေါ့ လက်ယာ ကို မရုံ က.....မရုံ............"
" အဲ့ဒါ ဘာဖြစ်နေတာလဲ !!!!!!"
ရုံ စကားပင် မဆုံးလိုက် ဒေါသအသံနဲ့ အတူ ရုံးခန်းတံခါးကို ဖွင့်ပြီး ဝင်လာတဲ့ ဘုန်းထက်ဇယ်......ဒါ့အပြင်သူ နဲ့အတူ ရွှေပိုးဥ ကလည်း သူ့လက်ကို ချိတ်တွဲထားလေသည်။
" ထမင်းစားနေတာပေါ့ ဇယ် ရာ .......
ဟုတ်တယ်မလား မရုံ "" အင်း...လက်ယာ "
ဘုန်းထက်ဇယ် အမေးကို လက်ယာ က အရင်ဖြေပြီး
ရုံ ကိုပါ အဖော်ခေါ်နေတာကြောင့် ရုံ လည်း ခေါင်းငြိမ့်
ပြီး ဖြေလိုက်ရသည်။" ဇယ်..မင်းရော စားအုံးမလား "
" တော်ပြီ ငါ ဗိုက်ဝပြီ မင်းလက်ယာ ... နောက်ပြီး အဲ့ဒီလို မကောင်းမကန်းတွေကို ငါ့ဗိုက်က လက်မခံဘူး "
ရုံ ချက်တဲ့ ထမင်း၊ ဟင်းတွေကို လက်ယာ ရှေ့မှာပါ
အပြစ်ပြောပြီး ခပ်တည်တည်နဲ့ ဘုန်းထက်ဇယ်
က သူ့အလုပ်စားပွဲမှာ လာထိုင်လေသည်။
ဒါတင်မကသေး သူ ရဲ့ အလုပ်စားပွဲက အင်တာဗျူးမေးတဲ့ ထိုင်ခုံကို ပါ ယူပြီး သူ့ ဘေးမှာ ရွှေပိုးဥ ကို
ထိုင်ခိုင်းလေသည်။ရုံ နဲ့ လက်ယာ ကတော့ လက်ယာရဲ့ အလုပ်စားပွဲမှာ ထမင်း
အတူစားနေတာ ဖြစ်နေတာကြောင့် သူတို့နဲ့ ဘေးချင်းကပ်
လျက်ပင် ဖြစ်သည်။"မရုံ...... ဟ..... "
အပြောနဲ့အတူ မင်းလက်ယာက ပါးစပ်ပါ အသာလေးဟပြရင်း
မြဝါးရုံ ကို ကလေး တစ်ယောက်လို ထမင်းခွံကျွေးရန်
ပြင်လေသည်။
ESTÁS LEYENDO
**အချစ်က ချိုသလောက် သူပေးတဲ့အတမ်းက ကြမ်းတယ် ( ဘုန်းထက်ဇယ် + မြဝါးရုံ )
Romanceရည်းစားတွေ ထည်လဲတွဲခဲ့တဲ့ ကျတော် က ခင်ဗျားလို ပုံတုံးတုံး ရုပ်ဆိုးဆိုးကိုမှ ဘာလို့ ချစ်မိသွား ရတာလဲ ( Normal Fic)