အချစ်ကချိုသလောက် သူပေးတဲ့ အနမ်းက ကြမ်းတယ်🌚🌚
💋💋💋💋💋(Part - 36)တစ်စတစ်စနဲ့ တရားသူကြီးကလည်း မင်္ဂလာတရားကို
ဟောပြောပြီးတဲ့နောက်မှာတော့ ရုံ နဲ့ ရာစုသစ်
က တစ်ယောက်ကိုယ် တစ်ယောက် လက်စွပ်ဝတ်ပေး
ဖို့ ပြင်ဆင်ကြသည်။" မဝတ်ပါနဲ့ ဘွားတော် .......
ကျွန်တော် တောင်းပန်ပါတယ်
အဲ့ဒီ လက်စွပ်ကို မဝတ်ပါနဲ့ ဘွားတော် "စိတ်ထဲမှာပဲ အခေါက်ပေါင်းမနည်း သူ ပြောနေခဲ့ရပြီး အပြင်မှာ
တော့ ဘွားတော် ကို သူ မတားမိပါ.......သူ တားလိုက်ရင်
ဘွားတော် ရဲ့ မုန်းတယ်ဆိုတဲ့ စကားကို မခံနိုင်တာကြောင့်ပင်..
နောက်ပြီး သူ တားလည်း မင်္ဂလာပွဲ က ပျက်သွားမှာ
မဟုတ်တာကြောင့်ပင်...နောက်ဆုံး ရာစုသစ် နဲ့ ဘွားတော် က တစ်ယောက်နဲ့ တစ်ယောက် လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးဖို့ ရောက်လာတဲ့ အချိန်မှာတော့ သူ့ နှလုံးသားက ခံနိုင်ရည်မရှိတာကြောင့် မျက်ရည်တွေစီးကျလာရသည်။
" ဘွားတော် လက်မှတ် မထိုးပါနဲ့ ကျွန်တော်တောင်းပန်ပါတယ်
မထိုးပါနဲ့ ....ကျွန်တော် တောင်းပန်ပါတယ် "
" ကျွန်တော် တောင်းပန်ပါတယ် မထိုးပါနဲ့ "နှလုံးသားရဲ့ နာကျင်မှူကြောင့် တားဖို့ပြင်နေတဲ့ ဇယ် ရဲ့ စကားလုံး
တွေက အပြင်ကို ထွက်မလာခဲ့ဘဲ လည်မြို့မှာ တစ်နေခဲ့သည်။နှလုံးသားကလည်း အရမ်းအောင့်ပြီး နာကျင်ပြီးရင်း နာကျင်ကာ
မျက်ဝန်းက မျက်ရည်စတွေကလည်း အသံမထွက်ဘဲ
ဒလဟော စီးကျလာခဲ့သည်။နာကျင်မှူနဲ့ အတူ ဇယ် မျက်ရည်တွေကျနေတဲ့အချိန်
ဘောလ်ပင်ကိုင်ပြီး လက်ထပ်စာချုပ်မှာ ရုံ က လက်မှတ်ထိုးဖို့ စာရွက်ပေါ်ကို လှမ်းလာတဲ့ အချိန်မှာတော့ ဇယ် လက်ထဲက
နှင်းဆီပန်းအနီရောင် တစ်ရာသုံးဆယ်တစ်ပွင့်ပါတဲ့ ပန်းစည်းလေးက အောက်ကို ပြုတ်ကျသွားခဲ့သည်......
DU LIEST GERADE
**အချစ်က ချိုသလောက် သူပေးတဲ့အတမ်းက ကြမ်းတယ် ( ဘုန်းထက်ဇယ် + မြဝါးရုံ )
Romantikရည်းစားတွေ ထည်လဲတွဲခဲ့တဲ့ ကျတော် က ခင်ဗျားလို ပုံတုံးတုံး ရုပ်ဆိုးဆိုးကိုမှ ဘာလို့ ချစ်မိသွား ရတာလဲ ( Normal Fic)