အချစ်ကချိုသလောက် သူပေးတဲ့ အနမ်းက ကြမ်းတယ်🌚🌚
💋💋💋💋💋(Part - 16)"" ဘွားတော် ပေးထားတဲ့ ဝတ္ထုခေါင်းစဉ်ထဲမှာမှ
အနမ်းဆိုတာ က ပါနေတာလေ နောက်ပြီး အနမ်းကို
သေသေချာချာကွက်ကွက်ကွင်းကွင်းမြင်ရအောင် ဘယ်လို
ရေးရမလဲဆိုပြီး ဘွားတော် မှတ်ထားတဲ့ မှတ်စုစာရွက်လေးကို
ကျွန်တော် တွေ့လိုက်တယ်
လာပါ ကျွန်တော် သင်ပေးမယ် ကျွန်တော့်ကိုယ်
ကျွန်တော် အနစ်နာခံတဲ့ အနေနဲ့ .....""ပြောရင်းနဲ့ ရုံ မျက်နှာအနား အတင်းတိုးလာတဲ့ သူ ကြောင့်
လူက အရမ်းလန့်သွားကာ ......
"" မလုပ်နဲ့ ဘုန်းထက်ဇယ် .....
"" အား .....""နမ်းဖို့ကို သူ့ နှုတ်ခမ်းတစ်စုံက ရုံ နှုတ်ခမ်းအနားလည်း
ရောက်ရော ရုံ ကြောက်ပြီး အော်ချပစ်လိုက်မိသည်။"" ဟာ... ဘွားတော် ဘာလို့အော်နေတာလဲ
အနစ်နာခံပြီး အခုလို ကျွန်တော် နမ်းပေးမယ်ပြောတာကို
မသိရင် ....သရဲနမ်းမယ် ပြောလို့ အော်နေတာကျနေတာပဲ """" မင်း... မင်း.... ရုံ ကို အဲ့ဒီလို မလုပ်နဲ့
ဘုန်းထက်ဇယ်....... ရုံ မကြိုက်ဘူး """" မကြိုက်ဘူး ဟုတ်လား ဘွားတော်
မကြိုက်ဘူးသာ ပြောတာ... ခင်ဗျားနှလုံးသား က
တအားခုန် နေပြီ...
ဒီမှာတွေ့လား ဘွားတော် """ရုံ ရင်ဘတ်နားကို သူ့က လက်ညိုးနဲ့အသာလေးထိပြီး
မေးငေါ့်ပြီး ပြောနေတဲ့ သူ့ကို ရုံ မရဲတရဲ ကြည့်ရင်း...
စကားတွေ ထစ်သွားမိသည်။
""အဲ့...အဲ့ဒါ... ကြိုက်..ကြိုက်လို့ ခုန်နေတာ မဟုတ်ဘူး
ကြောက်လို့ ...လန့်လို့ ..တုန်နေတာ """"အဟား... ဟား ""
သူ ထင်မထားခဲ့ပါ ...ဘွားတော် ဒီလိုပြောတတ်မယ်ဆိုတာ
အခုဘွားတော် ရဲ့ ကတ်သီးကတ်ဖဲ့ ပြောတတ်ပုံ
ကို သဘောကျလွန်းလို့ သူ အသားကုန်ရယ်မိသွားခဲ့သည်။
ဒါ့ကို ဘွားတော် က သူ့ကို နားမလည်တဲ့ မျက်လုံးလေးနဲ့
ပါဝါမျက်မှန်ကြီးကနေ တစ်ဆင့် ငေးတိငေးကြောင်လေး ကြည့်နေတာကြောင့် သူ သဘောတွေကျနေရသည်မှာ
သူ ကိုယ်တိုင်ပဲ သိသည်။

VOCÊ ESTÁ LENDO
**အချစ်က ချိုသလောက် သူပေးတဲ့အတမ်းက ကြမ်းတယ် ( ဘုန်းထက်ဇယ် + မြဝါးရုံ )
Romanceရည်းစားတွေ ထည်လဲတွဲခဲ့တဲ့ ကျတော် က ခင်ဗျားလို ပုံတုံးတုံး ရုပ်ဆိုးဆိုးကိုမှ ဘာလို့ ချစ်မိသွား ရတာလဲ ( Normal Fic)