အချစ်ကချိုသလောက် သူပေးတဲ့ အနမ်းက ကြမ်းတယ်🌚🌚
💋💋💋💋💋(Part - 34)နုဖတ်ဖြူဥ နေတဲ့ ဘွားတော် မျက်နှာလေးကလည်း သနပ်ခါး
တွေကြောင့် အရမ်းတွေ လှနေခဲ့တယ်......
ပါဝါမျက်မှန်တပ်ထားတဲ့ ဘွားတော် မျက်လုံးလေးတွေကို ပါဝါမျက်မှန်အထူကြီးကနေ တစ်ဆင့်ကြည့်ပြီး နမ်းချင်စိတ်တွေ
တဖွားဖွားပေါက်လာရတယ်...... နောက်ပြီး ဘွားတော် ရဲ့ နှူတ်ခမ်းရဲရဲလေးကလည်း သူ့ကို နမ်းပါ နမ်းပါ ဆိုပြီး
ပြောနေသယောင်ပင်.....ဒါရိုက်တာကြီးရဲ့ စကားဆုံးတာနဲ့ ရုံ အနားကို တိုးလာပြီး
ရုံ မျက်နှာကို ညှို့ ဓာတ်အပြည့်နဲ့ ကြည့်နေတဲ့ သူကြောင့်
လူက စိတ်လှုပ်ရှားလာရသည်။ ဖြူစွတ်နေတဲ့ သူရဲ့ အသား
အရည်ကြောင့်လည်း သူ့မျက်နှာက ချောမွေ့ဝင်းမွတ်ကာ
ယောက်ျားပီသ နေ၏ ။
မျက်လုံးနဲ့ မျက်ခုံးကလည်း တစ်ခါကြည့်တာနဲ့ နောက်ထပ်
ကြည့်ချင်လောက်အောင် စွဲဆောင်နေသည်......
နီရဲနေတဲ့ သူ ရဲ့ ယောက်ျားပီသသော နှူတ်ခမ်းတစ်စုံကြောင့်
ရုံ ချွေးဇောတွေ ပြန်ချင်လာမိသည်.......
လည်မျိုက သူရဲ့ ယောက်ျားပီသတဲ့ လည်စေ့ကလည်း
ရုံ ကို အရမ်းဆွဲဆောင်နေ၏ ။ရုံ ကြည့်နေတုန်းမှာပဲ သူရဲ့ မျက်နှာက ရုံ မျက်နာနှားကို ဝဲလာခဲ့ပြီး အခုဆို သူ ရဲ့ နှူတ်ခမ်းတစ်စုံ က ရုံ နှူတ်ခမ်းလေးကို ထိဖို့ အနည်းငယ်ပဲ လိုတော့လေသည်။
နမ်းဖို့ အနည်းငယ်ပဲလိုတော့တာကို သူ့က ထပ်မံရှေ့ဆက်တိုး
ဖို့ ပြင်လိုက်တာကြောင့် ရုံ လက်တစ်စုံက မွေ့ယာခင်းကို
သွားဆုပ်မိသွားသည်။မွေ့ ယာခင်းကို ရုံ ဆုပ်လိုက်တာနဲ့ တစ်ပြိုင်နက် သူရဲ့ နှုတ်ခမ်းက
ရုံ နှုတ်ခမ်းဆီကို ရောက်လာပြီး ရုံ နှုတ်ခမ်းသားလေးကို
မျှင်းမျှင်းချင်း စုပ်ယူလေသည်။
ရုံ မှာတော့ ဇာတ်ကောင်အရ သူ နမ်းတာကို မိန်းမောစွာနဲ့
ငြိမ်ခံနေရသည်။ဇယ် လည်း ဇာတ်ကောင်က စိတ်ကြွဆေးမိထားတော့
သူလည်း ဒီထက် ပိုအားသုံးလိုက်ပြီး အငမ်းမရနဲ့ ရုံ နှူတ်ခမ်းဖူးဖူးလေးကို အပေါ်တစ်လွှာ အောက်တစ်လွှာနဲ့ မနားတမ်းစုပ်ယူ
နေ၏ ။
JE LEEST
**အချစ်က ချိုသလောက် သူပေးတဲ့အတမ်းက ကြမ်းတယ် ( ဘုန်းထက်ဇယ် + မြဝါးရုံ )
Romantiekရည်းစားတွေ ထည်လဲတွဲခဲ့တဲ့ ကျတော် က ခင်ဗျားလို ပုံတုံးတုံး ရုပ်ဆိုးဆိုးကိုမှ ဘာလို့ ချစ်မိသွား ရတာလဲ ( Normal Fic)