Part -22 ( Zg + Uni)

4.4K 122 1
                                    

အချစ်ကချိုသလောက် သူပေးတဲ့ အနမ်းက ကြမ်းတယ်🌚🌚
💋💋💋💋💋(Part - 22)

" ဒါဆို မင်းနဲ့ ငါ နဲ့ ကွာရှင်းရအောင် ဘုန်းထက်ဇယ်
တစ်ယောက် နဲ့ တစ်ယောက် ချစ်မနေမှတော့
ဒီလိုကြီး ငါ ဆက်မသွားချင်ဘူး အမုန်းတွေနဲ့... "

ရုံ ကိုယ် ရုံ ဆိုတဲ့နာမ်စားလေး တောင် မသုံးနိုင်တော့ပါ သူနဲ့ စကားပြောနေတဲ့ တစ်လျှောက်လုံး လူက အရမ်းနာကျင်နေ
ရေတာ့.......

ရုံ ပြောချင်တာတော့ ပြောပြီး သွားပြီ ဖြစ်တဲ့အတွက် သူ
ဘာပြန်ပြောမလဲဆိုပြီး သူ့ မျက်နှာကို ရုံ ကည့်နေလိုက်
သည်။

" ကွာရှင်းမယ် ဘွားတော် ........ဟုတ်လား
စဉ်းစားလေ ခင်ဗျားကို ဘယ်တော့မှ ကွာရှင်းမပေးနိုင်ဘူး
ခင်ဗျား ဘဝတစ်လျှောက်လုံး ကျွန်တော့်က နွယ်တစ်ပင်လို
ရစ်နှောင်ပြီး တွယ်​ကပ်​ထားမှာမလို့ပဲ ချစ်​လို့​တော့ မဟုတ်​ဘူး
မုန်းလို့ပဲ ....."

သူ့ကို မုန်းတယ်​လို့ သက်​​ရောက်​သွားတဲ့ ​ဘွား​တော်​ စကား
တွေ​ကြောင့်​ သူ နာနာကြည်းကြည်း ရင်​ထဲက မပါတဲ့
စကား​တွေကို ဆို​နေမိ၏ ။

ချစ်​လား​မေးရင်​​တော့ သူ ဘွား​တော်​ ကို မချစ်​ပါ ....
မုန်းလား ​မေးရင်​​တော့ သူ မမုန်းပါ ....
ဒါ​ပေမဲ့ ဘွား​တော်​ ကို သူတွဲခဲ့တဲ့ မိန်းက​လေး​တွေထက်
ပိုပြီး ရင်​ခုန်​မိသည်​.....ပိုပြီး စိတ်​ပူတတ်​သည်​....
တွဲခဲ့တဲ့ မိန်းက​လေး​တွေကို အကြာကြီး မ​ငေးကြည့်​ဖူး
တဲ့ သူက ဘွား​တော်​ နဲ့မှ အကြာကြီး ​ငေးကြည့်​ဖူးသွား
သည်​.......ဒါ​တွေက ဘွား​တော်​ ကို သူ ချစ်​လို့မဟုတ်​ပါ
ရင်​ခုန်​တာပဲ ဟု သူကိုယ်​သူ ခံယူထားမိသည်​။

~~~~~~~~~~~~~~~~~~~~~~~~~~~

" ဟင်​.....ရုံ နာရီ​လေး​ရော "

မ​နေ့ညက ရုံ ဘုန်းထက်​ဇယ်​ နဲ့ စကားများပြီး ဒီ​နေ့မနက်
အ​စောကြီး ထလာပြီး အိမ်​မှူကိစ္စ​တွေအကုန်​လုပ်​ပြီးသွားခါမှ
လက်​ကို ကြည့်​လိုက်​မိ​တော့ နာရီက ​ပျောက်​​နေမှန်း
သိသွားတာ​ကြောင့်​ လူက ထိတ်​လန့်​သွားမိ၏ ။

**အချစ်က ချိုသလောက် သူပေးတဲ့အတမ်းက ကြမ်းတယ် ( ဘုန်းထက်ဇယ် + မြဝါးရုံ )         Tempat cerita menjadi hidup. Temukan sekarang