အချစ်ကချိုသလောက် သူပေးတဲ့ အနမ်းက ကြမ်းတယ်🌚🌚
💋💋💋💋💋(Part - 3)ရုံ ကို လက်ညိုးနဲ့ ငေါက်ငေါက်ထိုးပြီး ပြောနေသော
ကိုကို ကြောင့် ရုံ မျက်ရည်တွေကျလာပြီး လူ က
အရမ်းကို နာကျင်လာရသည်။
ကြည့်နေတဲ့ လူအုပ်ကြီးကြောင့် ရုံ အရမ်းတွေရှက်ကာ
ထွက်ပြေးဖို့အပြင် တစ်ယောက်ယောက်က ရုံ လက်ကို
လှမ်းဆွဲထားတာကြောင့် ရုံ မော့ကြည့်လိုက်ရာ
ရုံ ပါးပြင်ပေါ်က မျက်ရည်တွေကလည်း ပေါက်ခနဲ
စီးကျသွားသည်။""ဟင်.. .ဂျစ်ပစီကောင်လေး ""
ဒီနေ့လည်း အရင်နေ့တွေကထက် အရမ်းလန်းတဲ့ ဂျက်ကတ်
အင်္ကျီ နဲ့ ဂျင်းဘောင်းဘီ အောက်ပိုင်းမှာ
တစ်စစီ အပေါက်အပြဲတွေ က ပိုးစိုးပက်စက်....... ဒီကောင်လေးပုံစံ က ကြည့်ရတာမျက်စိ
နောက်ပေမဲ့ ကြည့်ကောင်းနေပြီး သူ့ပုံစံနဲ့ သူ
စမတ်ကျပြီး လိုက်ဖက်နေလေသည်။မမျှော်လင့်တဲ့ အချိန်မှာ ရုံ ထိုကောင်လေးကို ရုံ တွေ့လိုက်ရတာ
ကြောင့် ပါးစပ်က ဂျစ်ပစီကောင်လေးဆိုပြီး အသံတိုးတိုး
ထွက်သွားမိသည်။""တောင်းပန်လိုက် ခင်ဗျား သူ့ကို ""
""ဇယ် ""
""ပိုးဆီ လာတာလား ""ရုံ လက်ကို ဆွဲပြီး ရုံကို တောင်းပန်လိုက်ဖို့ ကိုကို အား ခပ်မိုက်မိုက်ပြောနေသော ဘုန်းထက်ဇယ် ကို ရုံ ကြည့်ပြီး လူက
အံ့ဩ သွားရတဲ့အထဲ ......
တစ်ဆက်တည်း ကိုကို ဘေးနားက ကောင်မလေးက ဘုန်းထက်ဇယ် ကို သိနေတဲ့ ပုံစံနဲ့ ပြောနေတာကြောင့်
ရုံ အံ့ဩပြီးရင်း အံ့ဩနေရသည်။""ကျွန်တော် ပြောတာ မကြားဘူးလား ခင်ဗျား
သူ့ကို တောင်းပန်လိုက်လို့ """သူ့ကို မျက်ခုံးတစ်ဖက်ပင့်ပြီး ရုံ ကို တောင်းပန်ဖို့ပြောနေသော
ထိုကောင်လေးကြောင့် စစ်မင်းထက် အလိုမကျဖြစ်သွား
လေသည်။""မင်းနဲ့ ဘာဆိုင်လို့လဲ မတောင်းပန်နိုင်ဘူး ကွာ
မတောင်းပန်တော့ ဘာဖြစ်ချင်လဲ ""ကိုစစ် စကားကြောင့် စိတ်တွေတိုပြီး မေးကြောတွေ ထောင်လာတဲ့ ချစ်ရသူဘုန်းထက်ဇယ် ကို ရွှေပိုးဥ အမြန်ပင် ကူညီလိုက်၏
""ကိုစစ် တောင်းပန်လိုက် အဲ့ဒီအစ်မ ကို
မဟုတ်ရင် ကိုစစ်နဲ့ ပိုးဥ ဇာတ်လမ်း ဒီမှာတင် ပြတ်ပြီ
နောက်ပြီး သူ က တခြားသူမဟုတ်ဘူး ပိုးဥ အချစ်ဆုံး
သူငယ်ချင်း ဘုန်းထက်ဇယ် ""
ВЫ ЧИТАЕТЕ
**အချစ်က ချိုသလောက် သူပေးတဲ့အတမ်းက ကြမ်းတယ် ( ဘုန်းထက်ဇယ် + မြဝါးရုံ )
Любовные романыရည်းစားတွေ ထည်လဲတွဲခဲ့တဲ့ ကျတော် က ခင်ဗျားလို ပုံတုံးတုံး ရုပ်ဆိုးဆိုးကိုမှ ဘာလို့ ချစ်မိသွား ရတာလဲ ( Normal Fic)