အချစ်ကချိုသလောက် သူပေးတဲ့ အနမ်းက ကြမ်းတယ်🌚🌚
💋💋💋💋💋(Part - 15)ရုံ လည်း သူမ အလှည့်တောင်မရောက်လိုက်ဘဲနဲ့ ချက်ချင်း
အနိုင်အရှူံးကို ခွဲလို့ရတဲ့ လူအုပ်ကြီးကြောင့် ရင်ထဲ မကောင်း
ဖြစ်နေရသည်။""အခု ရုံ ရှူံးသွားပြီဆိုတော့ အားလုံးကို ကျေးဇူးတင်ပါတယ်နော်
အခုပဲ ရုံ အားလုံးကို နှုတ်ဆက်ပါတယ် """ပြောရင်းနဲ့ မြဝါးရုံ တစ်ယောက် စင်ပေါ်ကနေ အဆင်း
သူမ လက်ကို တစ်စုံတစ်ယောက်က ဆွဲကိုင်လိုက်ပြီး ....""" နေအုံး """
"" ခင်ဗျားသွားလို့ မရသေးဘူး ဘာလို့ဆို ခင်ဗျား မေးခွန်းကို
မဖြေရသေးလို့ပဲ ""ရုံ လက်ကို ဆွဲပြီး ဘုန်းထက်ဇယ် က အကြည့်စူးစူးနဲ့
ပြောနေတာကြောင့် ရုံ လက်ဖျားတွေက အေးစက်လာရ
သည်။"" ရုံ ပြိုင်စရာ မလိုတော့ပါဘူး ဘုန်းထက်ဇယ်
ဘာလို့ဆို အဖြေက ရှင်းနေပြီပဲ နောက်ပြီး ရုံ ဖြေတော့
လည်း ရုံ ကို ရွေးချယ်ပေးမယ့် လူမှ မရှိတော့တာ ""အမြဲတမ်း ပျော့တိပျော့ညံ့ လုပ်တတ်တဲ့ ဘွားတော် ကို
သူ အားမရ၍ မခံချင်အောင်ပြောပြီး အခုလို ပြိုင်အောင်
လုပ်ခဲ့လည်း အရာရာကို အရှူံးပေးတတ်ပြီး အခု ပြောလိုက်သော ဘွားတော် စကားကြောင့် သူ စိတ်အိုက်ချင်သွားမိသည်။
ဒါပေမဲ့ ဘုန်းထက်ဇယ် ဆိုတဲ့ သူ့က အဲ့ဒီလိုအလျှော့ ပေးတာ
ကို အရမ်းမုန်းတာကြောင့် နှူတ်ခမ်းတစ်စုံကို တင်းနေအောင်
ဖိကိုက်လိုက်ပြီး လက်ထဲက မိုက်ခ်နဲ့ သူ့ပါးစပ်ကို တည့်ထားလိုက်ကာ စင်အောက်က ပရိသတ်ကြီးကို လေးနက်စွာ စိုက်ကြည့်ရင်း
ပြောဖို့ပြင်လိုက်၏ ။""ခုဏက မျက်သွေးခြယ် ကို ရွှေးချယ်ထားတဲ့ လူလေးရာ က
ဘာလို့ ဒီနံပါတ် လေးဆယ့်ငါး ဖြေတာကို မစောင့်ဘဲနဲ့
လူကြီးမင်းတို့က ဘာလို့ အလယ်တန်းကို သွားရတာလဲ
အကြောင်းပြချက်လေး ကျွန်တော့် ကို ပြောပါအုံး """"နံပါတ် နှစ်ဆယ့်ငါး ဖြေတာကို ကြိုက်လို့ပါ
အရမ်းကြိုက်လို့ပါ """
ESTÁS LEYENDO
**အချစ်က ချိုသလောက် သူပေးတဲ့အတမ်းက ကြမ်းတယ် ( ဘုန်းထက်ဇယ် + မြဝါးရုံ )
Romanceရည်းစားတွေ ထည်လဲတွဲခဲ့တဲ့ ကျတော် က ခင်ဗျားလို ပုံတုံးတုံး ရုပ်ဆိုးဆိုးကိုမှ ဘာလို့ ချစ်မိသွား ရတာလဲ ( Normal Fic)