အချစ်ကချိုသလောက် သူပေးတဲ့ အနမ်းက ကြမ်းတယ်🌚🌚
💋💋💋💋💋(Part - 17)"" အစ်မ မေးမနေနဲ့ သူ့က ပြိုင်မှာ မဟုတ်ဘူး
ဘာလို့ဆို.... တွဲစရာ အတွဲမရှိဘူးလေ
နောက်ပြီး သူ့လို ရုပ်ကို ဘယ်သူကမှ မကြိုက်တော့
ဒီ ပြိုင်ပွဲကို သူ ပြိုင်လို့မရဘူး.... """"ခ်ခ် ""
အံ့သြပြီး ရုံ ကြောင်နေတုန်း ထိုအစ်မကြီး ဘေးနားကနေ
ရုံ ကို ထလှောင်လိုက်တဲ့ ကိုကို စကားက ရုံ ရင်ထဲကို
အတော်ထိ ပြီး နှူတ်ခမ်းတစ်စုံကို အသားကုန် ရုံ ဖိကိုက်
ထားလိုက်မိသည်။
နောက်ပြီး ကိုကို စကားကို ထောက်ခံတဲ့ ရွှေပိုးဥ ရဲ့ ရယ်သံ
တွေကလည်း ရုံ နားထဲမှာ ဗလောင်ဆူနေ၏ ။
ဒါ့အပြင် ကိုကို စကားကြောင့် ရုံ ကို ဝိုင်းကြည့်နေတဲ့
တခြားလူတွေ နဲ့ ပြိုင်ပွဲပိုင်ရှင်အစ်မကြီး.....။"" ဘယ်သူ ပြောလဲ သူ့မှာ တွဲစရာ အတွဲမရှိဘူးဆိုတာ
ဒီမှာ သူ့လင် ငါ တစ်ယောက်လုံး ရှိတယ် """" ဟင်......ဘုန်းထက်ဇယ် """
ပြောရင်းနဲ့ ရုံ နားကို ရောက်လာတဲ့ ဘုန်းထက်ဇယ် ကြောင့်
လူက အားရှိမိသွားသည်။ကိုကို နဲ့ ရွှေပိုးဥ ကလည်း ဘုန်းထက်ဇယ် ရောက်လာ၍
မျက်နှာတွေက ပုံစံပြောင်းသွားကြသည်။ဘေးနားက လူအုပ်ကြီးလည်း ဘုန်းထက်ဇယ် ကိုပဲ ငေး
ကြည့်နေကြ၏ ။"" ပြိုင်မယ် ဘွားတော် ""
"" ဟင်..ပြိုင်မယ်တဲ့ သူပြောလိုက်တာ ...ကြည့်ရတာ ကံတရားက ရုံ ကို မျက်နှာသာပေးနေပြီထင်တယ် အခုတော့ ရုံ လိုချင်တဲ့ စာရေးဆရာမ လွန်းထားထား ရဲ့ လက်မှတ်ပါတဲ့
ဝတ္ထုစာအုပ်လေးကို ရုံ ရတော့မယ်ထင်တယ်
ပျော်လိုက်တာ...... ""သူ မေးနေတာကို မဖြေဘဲ ဘာတွေးကို တွေးနေမှန်း
မသိဘဲ ပြုံးနေတဲ့ ဘွားတော် ကို သူ ကြည့်ပြီး ပီတိဖြစ်
ရင်း ပြုံးမိသွားသည်။ရွှေပိုးဥ လည်း ပြုံးလေပြုံးထ သိပ်မရှိတဲ့ ဇယ် မျက်နှာပေါ်က
အပြုံးကို တွေ့လိုက်ရ၍ စိတ်ထဲတွင် မြဝါးရုံ ကို အတော်
မုန်းတီးနေလေ၏ ။

KAMU SEDANG MEMBACA
**အချစ်က ချိုသလောက် သူပေးတဲ့အတမ်းက ကြမ်းတယ် ( ဘုန်းထက်ဇယ် + မြဝါးရုံ )
Romansaရည်းစားတွေ ထည်လဲတွဲခဲ့တဲ့ ကျတော် က ခင်ဗျားလို ပုံတုံးတုံး ရုပ်ဆိုးဆိုးကိုမှ ဘာလို့ ချစ်မိသွား ရတာလဲ ( Normal Fic)