အချစ်ကချိုသလောက် သူပေးတဲ့ အနမ်းက ကြမ်းတယ်🌚🌚
💋💋💋💋💋(Part - 11)ရုံ လည်း သူ ပြောသလို သူ ပတ်ထားတဲ့ တဘတ်က
ဘယ်လောက်မြဲမြံကြောင်းကို ကြည့်နေရင်းနဲ့မှ
ဘုန်းထက်ဇယ် တဘတ်က အောက်ကို ကျွတ်ကျသွားတာ
ကြောင့် သူရဲ့အောက်ပိုင်းကို ရုံ ကွက်ကွက်ကွင်းကွင်း
ကြီး မြင်လိုက်ရ၍ စကားတွေပင်ထစ်အ ကာ ...""ဟင်.....ဟင် .....ဟို.....ဟို ...ဟာ
အမလေး !!!!!!!!!! .....အား""ဇယ် လည်း ဘွားတော် က သူ့အောက်ပိုင်းကို ကြည့်ပြီး
အာမေဋိတ်သံ တွေအကျယ်ကြီးထွက်ကာ မျက်လုံးမျက်ဆံ
ပြူးဖြစ်ပြီး မျက်နှာကို လက်နဲ့အုပ်ထားတာကြောင့်ရော၊
သူ လည်း ထင်မှတ်မထားဘဲ ဘွားတော် က သူ့ဟာကို
မြင်သွားတာကြောင့် မျက်နှာတွေပူပြီး အောက်ကျနေတဲ့
တဘတ်ကို အလျှင်အမြန်ကောက်ယူပြီး သူ့ကိုယ်မှာ
ပတ်လိုက်လေသည်။
ပတ်ပြီးတာနဲ့ သူလည်း ဗီရိုထဲက အဝတ်အစားတွေယူပြီး
ရေချိုးခန်းထဲ အမြန်ပြေးဝင်သွားခဲ့သည်။ရုံ လည်း ခြေသံတွေ မကြားတော့မှ အုပ်ထားတဲ့လက်တစ်စုံ
ကို မရဲတရဲနဲ့ အသာလေးဖွင့်ပြီးမှ သက်ပြင်းတွေချကာ
အခုမှ အသက်ကို ဝဝရှူနေရသည်။
အသက်ရှူနေရင်းနဲ့ပင် ခုနက မြင်ကွင်းကြီးက မျက်လုံးထဲ
ကွက်ကွက်ကွင်းကွင်း ပြန်မြင်လာတာကြောင့် လူက
တုန်လာပြီး.........""အမယ်လေး .....ရုံ မမြင်ပါနဲ့ အဲ့ဒီမြင်ကွင်းကြီးကို
မမြင်ပါနဲ့..........ရုံ ပြန်မမြင်ပါရစေနဲ့...
ဟုတ်တယ် ရုံ မမြင်ဘူး .....
ဟုတ်တယ် ရုံ မမြင်တော့ဘူး ""ပြန်မြင်ယောင်လာတဲ့ မြင်ကွင်းကြီးကို ရုံ တစ်ယောက်
ပြန်မမြင်ရပါစေနဲ့ ပြောကာ သူမ ကိုယ်သူမ အားပေးစကား
တွေ တစ်ယောက်တည်းပြောနေလေသည်။"" ခင်ဗျားက အဲ့တာ ဘာလုပ်နေတာလဲ ဘွားတော် ""
""ရုံ ထမင်းစားနေတာလေ ဘုန်းထက်ဇယ် ဘာလို့လဲ ""
ထမင်းစားပွဲဝိုင်းမှာ တစ်ယောက်တည်း ညစားထိုင်စားနေတဲ့
ဘွားတော် ကို ဘုန်းထက်ဇယ် အလိုမကျ ဖြစ်ပြီး မေးလိုက်
တာကို အေးအေးဆေးဆေးနဲ့ ပြန်ဖြေလာတဲ့ ဘွားတော်ကြာင့်
သူ အလိုမကျဖြစ်သွား၏ ။
YOU ARE READING
**အချစ်က ချိုသလောက် သူပေးတဲ့အတမ်းက ကြမ်းတယ် ( ဘုန်းထက်ဇယ် + မြဝါးရုံ )
Romanceရည်းစားတွေ ထည်လဲတွဲခဲ့တဲ့ ကျတော် က ခင်ဗျားလို ပုံတုံးတုံး ရုပ်ဆိုးဆိုးကိုမှ ဘာလို့ ချစ်မိသွား ရတာလဲ ( Normal Fic)