Part - 14 ( Zg + Uni)

4.7K 135 2
                                    

အချစ်ကချိုသလောက် သူပေးတဲ့ အနမ်းက ကြမ်းတယ်🌚🌚
💋💋💋💋💋(Part - 14)

မင်းလက်​ယာ လည်း ဒီတစ်​ခါမဲလိပ်​ကို သူ ​ဖောက်​ဖတ်​ရမည်
ဖြစ်​တဲ့အတွက်​ ရင်​​တွေခုန်​​နေ​လေသည်​။
လူအများကြီးက ​ရွှေး​ပေးထားတဲ့ မဲအ​ရေအတွက်​ကို
သူနဲ့ ဇယ်​ က စိစစ်​တာမဟုတ်​​တော့ ....
ဒါ​ကြောင့်​ အ​ဖြေကိုလည်း မသိ​တော့ မင်းလက်​ယာ
စိတ်​​တွေ လှူပ်​ရှား​နေ​လေသည်​။
စိတ်​ထဲတွင်​လည်း မရုံ ပဲ ရပါ​စေဟု မရုံ နာမည်​ကို
မင်းလက်​ယာ တ​နေ​လေသည်​။

နောက်​ဆုံးကျန်​တဲ့ မဲလိပ်​ကို မင်းလက်​ယာ လက်​​တွေတလှူပ်
လှူပ်​ နဲ့ မရဲတရဲကိုင်​ပြီး ဖွင့်​ဖို့အပြင်​ ဇယ်​ က ဆွဲယူလိုက်
လေသည်​။

""အခု မဲအများဆုံးထဲမှ ​နောက်​ဆုံးတစ်​​ယောက်​ကို ကျွန်​​တေ်​ ​ကြေညာ​ပေးမယ်​​နော်​ မဲအများဆုံးထဲမှ ​နောက်​ဆုံးကျန်​​နေတဲ့ တစ်​​ယောက်​က​တော့ ခါးနံပါတ်​ ..,...........""

လက်​က မဲစာရွက်​ ကို ကိုင်​ပြီး လက်​ဟန်​​ခြေဟန်​​တွေနဲ့
ဘုန်းထက်​ဇယ်​ သံရှည်​ဆွဲကာ ​နောက်​ဆုံ မြဝါးရုံ ကို ကြည့်​ရင်း ​ပြောလိုက်​​​လေသည်

"" ခါးနံပါတ်​ ..........​ဖောတီးဖိုက်​ပဲ ဖြစ်​ပါတယ်​""
""ဂုဏ်​ယူပါတယ်​ မမြဝါးရုံ "

""​ဖြောင်း.....​ဖြောင်း.....​ဖြောင်း ""

ထိုအချိန်​ စင်​​အောက်​က ပရိတ်​​တွေရဲ့ လက်​ခုပ်​သံ​တွေကလည်း
ခါးနံပါတ်​ ​လေးဆယ့်​ငါးအတွက်​ လက်​ခုပ်​သံ​တွေ အား​ပေးသံ​တွေနဲ့
ဆူညံ့​နေ​​လေသည်​။

ရုံ လည်း အရမ်းကို ​ပျော်​ရွှင်​သွားပြီး ဘုန်းထက်​ဇယ်​ ကို
မ​ချေပြုံးနဲ့ ကြည့်​ပြီး ​မေး​ငေါ့လိုက်​ရင်း မဲအများ​ဆုံး အဖြစ်
ရွှေးချယ်​ခံထားရတဲ့ ​ရွှေပိုးဥ နဲ့ မျက်​​သွေးခြယ်​ တို့အနားကို ပြုံးရွင်​စွာ ​လျှောက်​လာခဲ့သည်​။

""​ရေးစ်​..........ဒါမှ ကျွန်​​တော့်​မရုံ ကွ ""
စင်​​နောက်​က​နေ ထိန်​လင်းရုံ တစ်​​ယောက်​ သူ့ အစ်​မ
ရွေးချယ်​ခံလိုက်​ရတဲ့အတွက်​ ထ​အော်​​နေ​လေသည်​။

**အချစ်က ချိုသလောက် သူပေးတဲ့အတမ်းက ကြမ်းတယ် ( ဘုန်းထက်ဇယ် + မြဝါးရုံ )         Where stories live. Discover now