အချစ်ကချိုသလောက် သူပေးတဲ့ အနမ်းက ကြမ်းတယ်🌚🌚
💋💋💋💋💋(Part - 26)" ဟင် ........ဘွားတော် "
စာရင်းတွေ စစ်နေတုန်း သူ့ရုံးခန်းထဲကို ဝင်လာတဲ့ အရိပ်တစ်ခု
ကြောင့် ဇယ် မော့ကြည့်လိုက်ရာ ရုံ ဖြစ်နေတာကြောင့်
အရမ်းအံ့အားသင့်သွား၏ ။" ဘွားတော် ....ဘွားတော် ကျွန်တော့်ဆီကို ပြန်လာတာလား "
" ကျွန်တော် ဝမ်းသာလိုက်တာ ...
ကျွန်တော် အရမ်းဝမ်းသာတာပဲ
ဒါနဲ့ ကျွန်တော် တောင်းပန်ပါတယ် .....
ဘွားတော် အပေါ် မှားခဲ့တဲ့ အမှားတွေအတွက်
ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ ဘွားတော် "မြန်ဆန်တဲ့ စကားလုံးတွေနဲ့ အတူဇယ် မျက်ရည်တွေဝဲကာ ချက်ချင်းဆိုသလို ရုံ ကိုယ်လေးကို အပြေးသွားဖက်သည်။
သူ ဖက်လိုက်တဲ့ အချိန်မှာပဲ ရုံ က ပျောက်ကွယ်သွားခဲ့သည်။
" ဟာကွာ .....ဇယ် မင်းကတော့ ရူးနေပြီပဲ
ဘွားတော် က ငါ့ကို အရမ်းမုန်းနေတာလေ
ဘယ်လိုလို့ ဒီအချိန် ပြန်လာအုံးမှာလဲ
မင်း ရူးနေပြီ .... "မျက်ရည်တွေ ဝဲပြီး အသံတွေ ကယုန်ကယင်နဲ့ တစ်ယောက်တည်း
ပြောနေတဲ့ ဇယ် ကို ကြည့်ပြီး ဘေးကနေ လက်ယာ
စိတ်မကောင်း ဖြစ်နေမိ၏ ။သူ မြင်တာပေါ့ .... ဘယ်သူမှ မရှိတဲ့ အရာကို မရုံ ထင်ပြီး
ဇယ် ချက်ချင်းသွားဖက်တာကြောင့် သူပါ ကြောင်မိသွား၏ ။
ဘာလဲဟ......မရုံ ရောက်လာတာလားဆိုပြီး
ပြီးကျမှ ဇယ် လွမ်းဖျားနာ ကျနေမှန်း သူ သဘောပေါက်
သွားပြီး အရမ်းစိတ်မကောင်း ဖြစ်မိသွားသည်။~~~~~~~~~~~~~~~~~~~~~~~~~~~
အခုဆို နှစ်လရှိသွားပြီပေါ့ ဘွားတော် ...
ဘွားတော် ကျွန်တော့်ကို ထားသွားတာ .....
ဒီနှစ်လလုံးလည်း ဘွားတော် အိမ်သွားပြီး ဘွားတော်အဖေနဲ့
ဘွားတော် မောင်ကို ဘွားတော် ဘယ်မှာရှိလဲ မေးလိုက်ရတာ
က ကျွန်တော် အရူးတစ်ယောက်လို ဖြစ်နေခဲ့တယ်
သွားမေးတိုင်းလည်း ဘွားတော်အဖေ နဲ့ ဘွားတော် မောင်က
ကျွန်တော့်ကို ရိုင်းရိုင်းစိုင်းစိုင်း မောင်းထုတ်ခဲ့တယ်လေ ....
ဒါပေမဲ့ ကျွန်တော် အပြစ်မမြင်ပါဘူး ဘွားတော် ....
ကျွန်တော့်က ဘွားတော် အပေါ် အမှားတွေ အများကြီးလုပ်ထား
တာကိုး ......
YOU ARE READING
**အချစ်က ချိုသလောက် သူပေးတဲ့အတမ်းက ကြမ်းတယ် ( ဘုန်းထက်ဇယ် + မြဝါးရုံ )
Romanceရည်းစားတွေ ထည်လဲတွဲခဲ့တဲ့ ကျတော် က ခင်ဗျားလို ပုံတုံးတုံး ရုပ်ဆိုးဆိုးကိုမှ ဘာလို့ ချစ်မိသွား ရတာလဲ ( Normal Fic)