အချစ်ကချိုသလောက် သူပေးတဲ့ အနမ်းက ကြမ်းတယ်🌚🌚
💋💋💋💋💋(Part - 43)အိမ်ကို ရောက်တဲ့ အထိ လက်ယာ ဘယ်သူနဲ့မှ စကားမပြော
ဘဲ အခန်းအောင်း နေခဲ့သည်။အိမ်ပြန်ခံနီးမှ ရုံ ပေးသွားတဲ့ ပိုးဥ ရဲ့ဒိုင်ယာရီစာအုပ်လေးကလည်း လက်ယာ လက်ထဲ ရှိနေခဲ့သည်။
ကုတင်ပေါ်ရောက်တာနဲ့ ပိုးဥရဲ့ ဒိုင်ယာရီစာအုပ် လေးကို လက်ယာ ဖွင့်ဖတ်လိုက်သည်။
Diary -1
" လက်ယာ..... ဒီနေ့ အအေးဆိုင်မှာ နင့်အမေ စီစဉ်ပေးတဲ့
မိန်းကလေး နဲ့ တွေ့နေတာကို ငါ ငေးကြည့်နေခဲ့တယ်
အဲ့ဒါ နင် သိရဲ့လား. ....နောက်ပြီးတော့ နင် ဝတ်ထားတဲ့
အင်္ကျီ က မိုးပြာရောင်လေး...... ငါ လည်း ဒီနေ့ကျမှ
မိုးပြာရောင် လေးဝတ်လာမိတယ်... နင် နဲ့ ငါနဲ့ စိတ်ချင်း
အတော် နီးစပ်တာပဲနော်. ...ဒါပေမဲ့ စိတ်ချင်းနီးစပ်ပေမဲ့လည်း ငါတို့နှစ်ယောက်က မဖြစ်နိုင်တော့ဘူးဟာ "
"ငါလေ နင့်ဘေးမှာ ထိုင်နေတဲ့ ကောင်မလေးကို မနာလိုမိတယ်
ဒါပေမဲ့ ငါ့မှာ မနာလိုပိုင်ခွင့် မရှိဘူး ........
ဘာလို့ဆို နင်နဲ့ ငါ့က မသက်ဆိုင်တော့ဘူးလေ
ငါလေ ....အချိန်တွေသာ နောက်ပြန်လှည့်လို့ရရင် ငါ့ကို
နင့်အမေ သဘောကျအောင် ငါ နေခဲ့မှာ ....
အခုတော့ ငါ ဘာမှလုပ်လို့မရတော့ဘူး အတိတ်က ငါ ရည်းစားရှူပ်ခဲ့တာတွေကြောင့် .......
ဒါကြောင့် ငါ့ ကိုယ် ငါ ယူကြုံးမရဖြစ်မိတယ် အဲ့ဒါနင်သိလား
တစ်ချိန်လုံး ငါ့ဘေးနားမှာ ရှိနေခဲ့တဲ့ နင့်ကို ငါ မြင်အောင်
မကြည့်ခဲ့ဘဲနဲ့ ဇယ် ကို ပဲမြင်မိတဲ့ ငါ့ကိုယ် ငါ အရမ်းမုန်းတယ် "Diary - 2
" ဒါနဲ့ နင် သိလား... ဒီနေ့ ငါ ငါးစားတာ အရိုးစူးမလို့
ဖြစ်သွားခဲ့တယ်...... ဒါပေမဲ့ နင် ရှိနေရင် စူးမှာ
မဟုတ်ဘူး ငါ့က... ဘာလို့ဆို နင့်က ငါ ငါးစားတိုင်း ငါးရိုးနွင်ပေးတာကိုး ....ငါ အတော်ရူးတာပဲနော်
ငါးစားတိုင်း အရိုးနွင်ပေးတဲ့ နင့်ကိုပဲ သတိရနေ လို့ .....နောက်ပြီး ငါလေ နင်နဲ့ လမ်းခွဲပြီးတဲ့ ဒီတစ်ရက်လုံး နင့်နောက်ကိုပဲ ငါ လိုက်မိနေတယ်...
နင် ကတော့ ငါ့ကို မြင်မှာ မဟုတ်ပါဘူး ဘာလို့ဆို နင် မမြင်အောင် ငါ့က နောက်ကနေ လိုက်ချောင်းနေလို့လေ......
ချစ်တယ် လက်ယာ...... အရမ်းချစ်တယ် လက်ယာ...
တစ်ရက်လေးတောင် နင် ကို ငါ မခွဲနိုင်တာ
အဲ့ဒီအချိန်မှာ ငါ သိလိုက်ရတာက နင့်ကို အရမ်းချစ်နေပြီပဲ
ကြားရဲ့ လား လက်ယာ.... ငါ နင့်ကို ချစ်နေတာကို "
DU LIEST GERADE
**အချစ်က ချိုသလောက် သူပေးတဲ့အတမ်းက ကြမ်းတယ် ( ဘုန်းထက်ဇယ် + မြဝါးရုံ )
Romantikရည်းစားတွေ ထည်လဲတွဲခဲ့တဲ့ ကျတော် က ခင်ဗျားလို ပုံတုံးတုံး ရုပ်ဆိုးဆိုးကိုမှ ဘာလို့ ချစ်မိသွား ရတာလဲ ( Normal Fic)