Part - 21 ( Zg + Uni)

4.1K 139 0
                                    

အချစ်ကချိုသလောက် သူပေးတဲ့ အနမ်းက ကြမ်းတယ်🌚🌚
💋💋💋💋💋(Part - 21)

ချက်​ချင်းဆိုသလို သူ့ မျက်​ဝန်းတစ်​စုံက မုန့်​ဟင်းခါးဆိုင်​ကြီး
ထဲမှာ ​ပျော်​​ရွှင်​ ရယ်​​မောကာ စား​သောက်​​နေတဲ့
ဘွား​တော်​ နဲ့ တခြား​ကောင်​ တစ်​​ကောင်​ ကို မြင်​လိုက်​ရပြီး
ဒေါသထွက်​သွားကာ ​ရွှေပိုးဥ လက်​ကို အတင်းဆွဲရင်း
အညာတရ မုန့်​ဟင်းခါးဆိုင်​ထဲကို သူ ဝင်​လာလိုက်​၏ ။

" ဘွား​တော်​ !!! ခင်​ဗျား ဘယ်​က က​လေက​ချေ​ကောင်​နဲ့
မုန့်​ဟင်းခါး စား​နေတာလဲ.......
ကိုယ့်​ကိုယ်​ ကိုယ် အိမ်​​ထောင်​သည်​မှန်း မသိဘူးလား !!! "

"ဟင်...... ဘုန်းထက်ဇယ် "

" ဘယ်က ကလေကချေကောင်လဲ ဟုတ်လား ....
သေချာလည်း ကြည့်လိုက်အုံး ဘယ်သူလဲ ဆိုတာ...
ဒါမှမဟုတ် ခင်ဗျား မျက်လုံး ကန်းနေတာလား ဘုန်းထက်ဇယ်
နောက်ပြီး အိမ်ထောင်သည်မှန်း မသိဘူးလားဆိုတာ
ခင်ဗျားကို ပြောရမှာ ဘုန်းထက်ဇယ်
ဘယ့်နှယ် အိမ်ထောင်ရှိရဲ့သားနဲ့ တစ်ယောက်လက် ကို
တစ်ယောက် ကိုင်ထားတဲ့ ခင်ဗျားတို့နှစ်ယောက်ကရော
ဘာတွေလဲ.. ...ဘာလည်း တိတ်တိတ်ပုန်းတွေလား "

ထင်မှတ်မထားဘဲ ရုံ တို့ရှိတဲ့နေရာကိုရောက်လာတဲ့သူ့
ကြောင့်လူက အံ့ဩ ပြီး သူ့နာမည်ကို ခေါ်နေတုန်း
ဒိုင်းခနဲ ဝင်ပြောလိုက်တဲ့ မောင်လေး စကားတွေကြောင့်
ရုံ ကြောင်ပြီး ကြည့်နေမိသည်။

" ဘာကွ.... ထိန်လင်းရုံ !!!!!
မင်းစကားပြောတာ မိုက်ရိုင်းလှချေလား
နောက်ပြီး ငါတို့ဟာ ငါတို့ ဘာလုပ်လုပ် မင်းနဲ့ မဆိုင်ဘူး
ငါ လက်ထပ်ထားတာ မင်းကို လက်ထပ်တာ မဟုတ်ဘူး
မင်းအစ်မ ကို လက်ထပ်ထားတာ
ဒါကြောင့် မင်းက ငါ့မိန်းမ မဟုတ်တဲ့အတွက် ဝင်ပြော
ပိုင်ခွင့် မရှိဘူး ထိန်လင်းရုံ ဒါမှမဟုတ် မင်းက ငါ့မိန်းမ
ဆိုရင် ဝင်ပြောပေါ့ ..... "

" တောက်စ်!!!!!!! ခင်ဗျား... ခင်ဗျား "

" ထိန်ထိန် စိတ်လျှော့........
အတတ်နိုင်ဆုံး စိတ်ကို လျှော့ထားနော်
မရုံ ပြောတာ ကြားလား "

ဘုန်းထက်ဇယ် စကားကြောင့် လက်သီးလက်မောင်း တွေ
တန်းကာ စားပွဲဝိုင်းက ထသွားတဲ့ ထိန်ထိန် ကို ချက်ချင်းဆိုသလို ဘေးကနေ ရုံ အမြန်လိုက်ပြီး စိတ်ထိန်းရန်လက်ကို ကိုင်ထားပြီး ရုံ တားလိုက်ရသည်။

**အချစ်က ချိုသလောက် သူပေးတဲ့အတမ်းက ကြမ်းတယ် ( ဘုန်းထက်ဇယ် + မြဝါးရုံ )         Donde viven las historias. Descúbrelo ahora