Part - 23 ( Zg + Uni)

4.3K 120 1
                                    

အချစ်ကချိုသလောက် သူပေးတဲ့ အနမ်းက ကြမ်းတယ်🌚🌚
💋💋💋💋💋(Part - 23)

မင်းလက်​ယာ လည်း ဇယ်​ နဲ့ ပိုးဥ ကို ကြည့်​ပြီး စိတ်​ထဲက​နေ
ပေါက်​ကွဲ​နေမိသည်​။
ထို့အတူ လက်​ယာ နည်းတူ ရုံ လည်း ဇယ်​ နဲ့ ပိုးဥ ကို
ကြည့်​ပြီး.........

" ဘုန်းထက်​ဇယ်​ ......ရုံ ဘာလို့ မင်းတို့ နှစ်​​ယောက်
ဖက်​ထားတာကို မြင်​ပြီး နာကျင်​​နေရတာလဲ
ဟင့်​အင်း......ရုံ မနာကျင်​ချင်​ဘူး
ဖြစ်​နိုင်​ရင်​ မင်းကို ရုံ မချစ်​ချင်​ဘူး
မင်းကို ချစ်​ရတာက ရုံ အရမ်းနာကျင်​ရတယ်
အချစ်​ကချိုသ​လောက်​ မင်း​ပေးတဲ့ အနမ်းက ကြမ်းတယ်
ရုံ ကို​ပေးတဲ့ မင်းရဲ့ အနမ်းကြမ်းကြမ်း​တွေက ရင်​မခုန်​​စေဘူး
ရုံ ကို နာကျင်​​စေတာ အဲ့ဒါ မင်းသိရဲ့လား .....ဘုန်းထက်​ဇယ်
မင်းသိရဲ့လား ......."

ထိန်းထားတဲ့ ကြားထဲက​နေ မျက်​ရည်​တစ်​စက်​က ပါးပြင်​​ပေါ်
ကျဆင်းသွားသည်​ကို လက်​ခုံနဲ့ ရုံ ဆွဲသုတ်​ပစ်​လိုက်​ပြီး ....
လူက ဘုန်းထက်​ဇယ်​ တို့အနား ​ရောက်​သွားခဲ့သည်​။

" ဘုန်းထက်ဇယ် မင်းနဲ့ငါ ကွာရှင်းရအောင် !!! "

ရွှေပိုးဥ နဲ့ ဇယ် ဖက်နေတုန်း သူတို့အနား ရောက်ချလာပြီး
ပြောလိုက်တဲ့ ရုံ စကားကြောင့် ချက်ချင်းဆိုသလို
ဇယ် ရွှေပိုးဥ ကိုယ်လေးကို ဖက်ထားတာ အတင်းဖယ်
ပစ်လိုက်သည်။

" ခင်ဗျားကို ဘယ်နှခါ ပြောရမှာလဲ ဘွားတော်
ကွာမပေးနိုင်ဘူး ဆိုတာ... "

" မင်း က ငါ့ကို မချစ်မှတော့ ဘာလို့ဆွဲထားချင်နေရတာလဲ
ဘုန်းထက်ဇယ်.... လွှတ်လိုက်တာမကောင်းဘူးလား
နောက်ပြီး ငါ့ကလည်း မင်းကို မချစ်ဘူး
ဒီတော့ ငါတို့နှစ်ယောက် ကွာရှင်းရအောင်... ဘုန်းထက်ဇယ် "

" ဟုတ်တယ် ဇယ်.. ...မမြဝါးရုံ ပြောတာ မှန်တယ်
နင်ကလည်း သူ့ကို မချစ် .....သူ့ ကလည်း နင့်ကို
မချစ် အဲ့ဒီတော့ မမြဝါးရုံ ကွာရှင်းတာ တောင်းဆိုတာကို
လက်ခံလိုက်ပါလား.... ဇယ် "

တစ်ခါမှ ရုံ ဘက်ကနေ မထောက်ခံဖူးတဲ့ ရွှေပိုးဥ က
ဒီနေ့ ရုံ ပြောတာကို ထောက်ခံလိုက်တော့ အောင့်သက်သက်နဲ့
ရုံ ပြုံးလိုက်မိသည်။
ရုံ သိတာပေါ့... ရွှေပိုးဥ က ဇယ် ကို ချစ်နေမှန်း. ...
နောက်ပြီး ဘုန်းထက်ဇယ် ကလည်း ရွှေပိုးဥ ကို ချစ်နေတယ်
ဆိုတာ.. ...

**အချစ်က ချိုသလောက် သူပေးတဲ့အတမ်းက ကြမ်းတယ် ( ဘုန်းထက်ဇယ် + မြဝါးရုံ )         Donde viven las historias. Descúbrelo ahora