Part - 30 ( Zg + Uni)

4.1K 115 0
                                    

အချစ်ကချိုသလောက် သူပေးတဲ့ အနမ်းက ကြမ်းတယ်🌚🌚
💋💋💋💋💋(Part - 30)

အ​အေးဓာတ်​က အရမ်းကြီး ​အေးလာတာ​ကြောင့်​ ဇယ်​ ချမ်းခိုက်​လာပြီး လက်​က နာရီကို ကြည့်​လိုက်​​တော့လည်း ဆယ်​နာရီထိုးဖို့ ဆယ့်​ငါးမိနစ်​ပဲ လို​တော့၏ ။ ဒီအတိုင်း ​စောင့်​​နေရင်​ မဖြစ်​​တော့ဘူးဆိုတဲ့ အ​တွေးနဲ့ ​​လမ်းမကြီး​ပေါ် ​လျှောက်​လာလိုက်​၏ ။

လျှောက်​ရင်း ​လျှောက်​ရင်းနဲ့ အခုထက်​ထိ ဖွင့်​​နေတဲ့ ၂၄ နာရီ Mini Market ကို ဇယ်​ မြင်​ပြီး လမ်းဖြတ်​အကူး .....
တစ်​ဖက်​က လာ​နေတဲ့ Honda ကားအမည်းကို
ဇယ်​ မမြင်​ဘဲ ကူးလိုက်​​လေရာ .......

" ကျွီ "
" ဒုန်း "

" အား "
" ဘုန်းထက်ဇယ် "

အိမ်မက်ထဲမှာ ဘုန်းထက်ဇယ် က ကားတိုက်ခံလိုက်ရတာ
ကြောင့် အိပ်နေရင်းနဲ့ပင် အလန့်တကြား ရုံ ထအော်မိသွားသည်။
နာရီ ကိုကြည့်လိုက်တော့လည်း ဆယ်နာရီထိုးနေပြီ၊၊
စိတ်ထဲမှာ အိမ်မက်က တကယ့်ဖြစ်နေသလို ရုံ ခံစားနေရ
တာကြောင့် လူက ထူပူနေမိသည်။
လူလည်း ထူပူပြီး ချွေးဇောတွေ ပြန်နေခဲ့သည်။
မနေနိုင်တဲ့ အဆုံး မနီ ဆီကို ရုံ ဖုန်းဆက်မိသွားသည်။

" ........."

" ကျေးဇူးပါ မနီ "
" မနီ ကို ရုံ အရမ်းကျေးဇူးတင်ပါတယ် "

ရုံ ဖုန်းဆက်တာနဲ့ တစ်ပြိုင်နက် မနီ က သူ့အိမ်မှာ
စောင့်နေတဲ့ ဘုန်းထက်ဇယ် အခြေအနေကို သွားကြည့်
ပေးသည်။ အဝေးကနေ မနီက ဘုန်းထက်ဇယ်ကို
ကြည့်ပြီးမှ ရုံ ဆီ ဖုန်းဆက်လာပြီး ဘာမှမဖြစ်ပါဘူး ပြောကာမှ
ရုံ စိတ်အေးရသည်။ မှာစရာရှိတာတွေကို ဖုန်းထဲကနေ
မနီကို ရုံ မှာပြီးမှ ပြန်အိပ်ဖို့ ပြင်လိုက်မိသည်။

<><><><><><><><><><><><><><

" ဘုန်းထက်ဇယ် "
" ဘုန်းထက်ဇယ် "

" ဗျာ့.... မနီ "

" ထတော့ မိုးလင်းနေပြီ "

ဟုတ်ပါရဲ့....... မိုးလင်းနေပြီပဲ.... သူ့ကို လာနိုးတဲ့ မနီ
ကြောင့် ဇယ် ကားမှန်ကို ဖွင့်လိုက်မှ နေရောင်ခြည်စူးစူးက
ကားထဲဝင်လာသည်ကို ဇယ် ကြည့်ပြီး မိုးလင်းမှန်း သဘော
ပေါက်လိုက်သည်။ မနေ့ညက သာ မနီ ပြန်မလာခဲ့ရင်
သူ မေ့လဲပြီး အအေးပတ်သွားနိုင်သည်။
အခုလည်း မနီ ရဲ့ ကားပေါ်မှာ သူ အိပ်ပြီး မနီကို
သူ့အိမ်ထဲ တစ်ယောက်တည်း အိပ်ခိုင်းလေသည်။
ဘွား​တော်​ က မနေ့က မနက်ကတည်းက မြန်​မာပြည်​ ပြန်သွားမှန်းကို မနီဆီက သိလိုက်၍ စိတ်​မ​ကောင်းဖြစ်​​သွား​သော်​လည်း သူ ဘွား​တော်​ ကို စိတ်​မဆိုးခဲ့ပါ။ ဘာလို့ဆို သူ လုပ်​ထားတဲ့ အမှား​တွေနဲ့ ယှဉ်​ရင်​ ဘွား​တော်​ သူ့ကို ပြန်​လုပ်​တာက နည်းပါ​သေးတယ်​​လေ .............

**အချစ်က ချိုသလောက် သူပေးတဲ့အတမ်းက ကြမ်းတယ် ( ဘုန်းထက်ဇယ် + မြဝါးရုံ )         حيث تعيش القصص. اكتشف الآن