Part - 28 ( Zg + Uni)

3.8K 120 1
                                    

အချစ်ကချိုသလောက် သူပေးတဲ့ အနမ်းက ကြမ်းတယ်🌚🌚
💋💋💋💋💋(Part - 28)

ဒီတစ်​ခါ အရင်​​နေ့​တွေနဲ့ မတူဘဲ သူ့အား ​ပြောပြချင်​​နေတဲ့
ဘွား​တော်​ အ​ဖေရဲ့ မျက်​လုံး​တွေ​ကြောင့်​ ဇယ်
ဝမ်းသာမျက်​ရည်​​တွေ စီးကျလာပြီး အားကိုးတကြီးနဲ့ ......

" အန်​ကယ်​လ်​ ကျွန်​​တော်​ ​တောင်းပန်​ပါတယ်
ကျွန်​​တော့်​ကို ​ပြောပြပါ​နော်​ ......
ကျွန်​​တော်​ ​တောင်းပန်​ပါတယ်​ .....
ကျွန်​​တော်​ အန်​ကယ်​လ်​ သမီးကို ကျွန်​​တော့်​ ရင်​ထဲက
ခံစားချက်​ အစစ်​အမှန်​​တွေကို ​ပြောပြချင်​လို့ပါ
ဲဒါ​ကြောင့်​ ကျွန်​​တော့်​ကို ​ပြောပြပါ​နော်​ ...သူရှိတဲ့နေရာကို
ကျွန်​​တော်​ ​တောင်းပန်​ပါတယ်​ ကျွန်တော့်ကို ပြောပြပါ
နောက်​ပြီး ကျွန်​​တော်​ ​လေ အန်​ကယ်​လ်​သမီးကို
ဘယ်​​တော့မှ ဒီလို မလုပ်​​တော့ဘူးဆိုတာ
ကျွန်​​တော်​ ကတိ​ပေးပါတယ်​ ဒါ​ကြောင့်​ ကျွန်​​တော့်​ကို
ပြောပြပါ​နော်​ ......"

သူ့ကို အားကိုးတကြီးနဲ့ ကြည့်​ပြီး ​တောင်းပန်​​နေရင်းနဲ့
မျက်​ရည်​​တွေကျ​နေတဲ့ ဘုန်းထက်​ဇယ်​ ကို ဦးမြ​မောင်
မကြည့်​ရက်​​တော့တာနဲ့ ဆုံးဖြတ်​ချက်​ ချလိုက်​မိသည်​။

" ​ကောင်းပြီ မင်းကို ငါ ​ပြောပြမယ်​.... "
" သမီးရုံ က အခု. .........."

" ဖေဖေ "

" ဟင် သားထိန် "

ဦးမြမောင် စကားပင်မဆုံးလိုက် ထိန်ထိန်က အဖေဖြစ်သူကို အထဲ ခေါ်သွားခဲ့သည်။

" အန်ကယ်လ် နေအုံးလေ "
" ညီလေး အထဲမခေါ်သွားပါနဲ့ "

ဇယ် တစ်ယောက် ပြောရင်းနဲ့ နောက်ကအလိုက်...........

" အခုချက်ချင်း ကျွန်တော့်အိမ်ထဲကနေ ထွက်သွား
ဘုန်းထက်ဇယ် "
"နောက်ပြီး ခင်ဗျားကို ကျွန်တော့် အစ်မ ရှိတဲ့နေရာ ပြောပြမှာ မဟုတ်ဘူး ....ဒါကြောင့် အခုထွက်သွားလိုက် မဟုတ်ရင် ကျွန်တော့် အဆိုး မဆိုနဲ့ "

ဒေါသတွေ မုန်တိုင်းထန်ကာ ပြောနေတဲ့ ဘွားတော် မောင်
စကားတွေကို ဇယ် ဝမ်းနည်းစွာ နားထောင်ပြီး သူလာရာ
လမ်းအတိုင်း ပြန်ဖို့ပြင်လိုက်မိသည်​။

**အချစ်က ချိုသလောက် သူပေးတဲ့အတမ်းက ကြမ်းတယ် ( ဘုန်းထက်ဇယ် + မြဝါးရုံ )         Tempat cerita menjadi hidup. Temukan sekarang