အချစ်ကချိုသလောက် သူပေးတဲ့ အနမ်းက ကြမ်းတယ်🌚🌚
💋💋💋💋💋(Part - 10)ရုံ စိတ်ထဲ ဆုံးဖြတ်ချက်တစ်ခုခုကို ပြတ်သားစွာ ချလိုက်ပြီး
ကိုကို ကို မနမ်းခင် ဘုန်းထက်ဇယ် ကို နောက်ပြန် ရုံ လှည့်ကြည့်
လိုက်ကာ မျက်ရည်တွေဝဲလာရ၏ ။ဘုန်းထက်ဇယ် ကို ကြည့်ပြီးတာနဲ့ ရုံ လည်း မျက်လုံးကို စုံမှိတ်ချပစ်ပြီး ရင်ထဲ အရမ်းတွေ ဝမ်းနည်းလာကာ
ကိုကို နမ်းဖို့အပြင်.. ...
ထင်မှတ်မထားဘဲ ရုံ လက်ကို ဆွဲယူလိုက်တဲ့ ဘုန်းထက်ဇယ်
ကြောင့် ရုံ မျက်လုံး တွေက အဝိုင်းသား ပွင့်မိသွား၏ ။""ဘွားတော် ခင်ဗျားရူးနေလား ဘာလို့ခင်ဗျားရဲ့
ပုစွန်ဦးနှောက်သေးသေးလေးနဲ့ အဲ့ဒီကောင့်ကို နမ်းဖို့
ဆုံးဖြတ်ရတာလဲ ခင်ဗျားမှာ အမှတ်သည်းခြေ မရှိဘူးလား
ခင်ဗျားကို ဒီလောက်ပြောထားတာကို
ဒါမှ မဟုတ် ခင်ဗျားမှာ အရှက်မရှိတော့တာလား....."""" ဟုတ်တယ် ရုံ မှာ အရှက်မရှိတော့ဘူး ဘုန်းထက်ဇယ်
မင်းလုပ်လို့ ရုံ က အရှက်မရှိတော့ဘူး
ရုံ မှာ ရှိတဲ့ အရှက်တွေအားလုံး မင်းလုပ်လို့ကုန်ပြီ
အဲ့ဒါ မင်းသိရဲ့လား
ရုံ ဒယ်ဒီကုမ္ပဏီကို မင်းတို့မိသားစုက ကူညီပေးထားလို့
ရုံ ဒီနေ့ဒီအချိန်ထိ မင်းလုပ်သမျှကို ငြိမ်ခံနေတာ
ယုတ္တမရှိပေမယ့်လည်း မင်းလုပ်သမျှကို ရုံ ကျေကျေနပ်နပ်
နဲ့ ရုံ ရဲ့ အရှက်တွေအားလုံးကို ရင်းပြီး လုပ်ပေးခဲ့တာ
အီးဟီး.... အင့်ဟင့် ....အင့်ဟင့် ""ရုံ ပြောရင်းနဲ့ ရှိုက်သံတွေပါလာတာကြောင့် ဘုန်းထက်ဇယ်
လက်ကို အတင်းဆွဲဖယ် လိုက်ပြီး အားလုံးရဲ့ အရှေ့မှာ
ထွက်ပြေးလာခဲ့မိသည်။~~~~~~~~~~~~~~~~~~~~~~~~~~~
"" ရုံ အဖေ့သမီးလေး
အဖေ့အတွက်နဲ့ သမီးဘာလို့ သူ့ကို လက်ထပ်ရတာလဲ
အခုချက်ချင်း ကွာလိုက်ပါ အဖေ့ သမီးကို ဘုန်းထက်ဇယ်
နှိပ်စက်နေတာ အဖေ မကြည့်ရက်ဘူး
သမီး ကို ရောင်းစားတယ် ဆိုပြီး အထင်သေးမှာ
စိုးလို့တောင် ဘုန်းထက်ဇယ်မိဘတွေ ပေးတဲ့
လက်ဖွဲ့ ရှယ်ယာတွေကိုတောင် အဖေ လက်မခံခဲ့ဘူး
ရိုးရိုးတန်းတန်းနဲ့ အဖေ သူတို့မိသားစု
အဖေ့ကုမ္ပဏီမှာ ရှယ်ယာဝင်မယ်ဆိုတာပဲကို လက်ခံခဲ့တာ
ဒီလိုတွေ ဖြစ်လာမှာကို အဖေ ကြောက်လို့ ""

YOU ARE READING
**အချစ်က ချိုသလောက် သူပေးတဲ့အတမ်းက ကြမ်းတယ် ( ဘုန်းထက်ဇယ် + မြဝါးရုံ )
Romanceရည်းစားတွေ ထည်လဲတွဲခဲ့တဲ့ ကျတော် က ခင်ဗျားလို ပုံတုံးတုံး ရုပ်ဆိုးဆိုးကိုမှ ဘာလို့ ချစ်မိသွား ရတာလဲ ( Normal Fic)