Part - 29 ( Zg + Uni)

3.8K 103 0
                                    

အချစ်ကချိုသလောက် သူပေးတဲ့ အနမ်းက ကြမ်းတယ်🌚🌚
💋💋💋💋💋(Part - 29)

" ဘုန်းထက်​ဇယ်​ မှန်းလား "
" အို ......မဟုတ်​​လောက်​ပါဘူး သူ့က ဘယ်​လိုလို့
ဒီရောက်​လာမှာလဲ ငါ ရှိတဲ့​နေရာ သူမှ မသိတာ "

အ​တွေးပင်​ မဆုံးလိုက်​ ပထမဆုံး တစ်​​ယောက်​ကို
ရုံ ကြည့်​ပြီးတာနဲ့ ​ဘေးနားက နှစ်​​ယောက်​ကို ကြည့်​လိုက်
မိသည်​။

"ဟင်​ လက်​ယာ "
" ဒါဆို သူ့​ဘေးနားက ဘုန်းထက်​ဇယ်​ ​ပေါ့ "
" ငါ ထင်​တာ မှန်​​နေတာပဲ "

တ​ဖြေး​ဖြေးနဲ့ နီးကပ်​လာတဲ့ ပုံရိပ်​​တွေ​ကြောင့်​ ရုံ ဘာလုပ်​လို့
ဘာကိုင်​ရမှန်း မသိ ဖြစ်​သွားမိသည်​။

ဆွံ့အပြီး ​ခြေလှမ်း​တွေက ထွက်​မသွားနိုင်​ဘဲ ​နေရာမှာတင်​ ရုံ ​ကြောင်​​နေတုန်း ဘုန်းထက်​ဇယ်​ က ရုံ ကို ကြည့်​လိုက်တာ
ကြောင့်​ ရုံ ​သွေးပျက်​သွား၏

" သွားပြီ !!! သူ ငါ့ကို မြင်​သွားပြီ "

ရုံ စကားပင်​မဆုံးလိုက်​ ချက်​ချင်းဆိုသလို ............
ဘေးကနေ ဖြတ်သွားတဲ့ luggage ထုပ်တွေအများကြီး
ကို သယ်လာတဲ့ ဦးလေးကြီး တစ်ယောက်က ရုံ ရှေ့
က ဖြတ်ပြီး ဟိုဘက်ကို သွားဖို့ပြင်လေသည်။

ရုံ လည်း သူတွေ့မှာစိုးတာနဲ့ ကုန်းကုန်းကွကွ လုပ်ပြီး
အဲ့ဒီဦးလေးကြီး နောက် လိုက်ခဲ့ရသည်။

" ခုဏက ကောင်မလေးက ဘယ်သူပါလိမ့် ??
သေချာတောင် မမြင်လိုက်ရဘူး ....
ဘယ်ရောက်သွားပါလိမ့်...
ကျစ် ...... "

စိတ်ပျက်လက်ပျက်နဲ့ ဇယ် ပြောပြီး ညီးနေတာကို လက်ယာ
ကြားပြီး....

" ဇယ် မင်းဘယ်သူ့ကို ပြောနေတာလဲ "

" ဘာမှ မဟုတ်ဘူး လက်ယာ "

ခုဏက ကြည့်လိုက်တဲ့ ကောင်မလေးရဲ့ မျက်နှာကို ဇယ် မမြင်လိုက်ရတာကြောင့် သူ့ စိတ်ထဲအလိုမကျ ဖြစ်ပြီး
လက်ယာ ကို ပြန်ဖြေတာ အသံမာသွား၏ ။

" အမ​လေး ​တော်​ပါ​သေးရဲ့ ....."
" ​တွေ့မသွားတာ "

ရုံ ကိုကူညီ​ပေးသလို ဖြစ်​ခဲ့တဲ့ ဦး​လေးကြီးကို ရုံ နိုင်​ငံခြား
ဘာသာ စကားနဲ့ ​ကျေးဇူးတင်​လိုက်​ပြီး မစ္စတာကာရာဇာ
ကို ကြိုဖို့ အခုမှ ရုံ သတိရသွားပြီး ခုဏက ​နေရာကို
ရုံ အမြန်​​ပြေးသွားလိုက်​ရ၏ ။

**အချစ်က ချိုသလောက် သူပေးတဲ့အတမ်းက ကြမ်းတယ် ( ဘုန်းထက်ဇယ် + မြဝါးရုံ )         Where stories live. Discover now