Part - 38 ( Zg + Uni)

3.7K 89 0
                                    

အချစ်ကချိုသလောက် သူပေးတဲ့ အနမ်းက ကြမ်းတယ်🌚🌚
💋💋💋💋💋(Part - 38)

" ကယ်​ကြပါအုံး ........ကယ်​ကြပါအုံးရှင့်
တစ်​​ယောက်​​ယောက်​ ကျွန်​မ ကို ကယ်​ကြပါအုံး
ဒီမှာ ကျွန်​မ ကို ​စော်​ကား​နေလို့ တစ်​​ယောက်​​ယောက်​ ကယ်​ကြပါ
အုံး............!!!!!! ''

ရုံ မျက်​နှာကို နမ်းဖို့ပြင်​​နေတဲ့ ဒီလူ​ကြောင့်​ မျက်​နှာ​လေးကို
ရုံ အသားကုန်​ ယမ်း​နေမိသည်​။ ဒါ​တောင်​ မျက်​နှာမရ​တော့
ဒီလူက ရုံ လည်​ပင်းကိုပဲ အတင်းနမ်း​နေတာ​ကြောင့်
ပတ်​ဝန်းကျင်​ ကို ရုံ အသားကုန်​ အကူအညီ​တောင်း​နေမိသည်​။
လက်​​တွေကိုလည်း သူ့က ထိန်းချုပ်​ထား​တော့
ရုံ ရုန်းလို့မရ ဖြစ်​​နေရသည်​။
လည်​တိုင်​​လေးကို အတင်းနမ်း​နေတဲ့ ဒီလူ​ကြောင့်
သိပ်​မကြာခင်​ ရုံ ဘဝပျက်​ရ​တော့မှာကို ​တွေးပြီး လူက
မျက်​ရည်​​တွေ ကျလာရသည်​။

" ဘုန်းထက်​ဇယ်​ .......မင်း ငါ့ကို လာကယ်​ပါ​တာ့
မင်း ငါ့ကို လာကယ်​ပါအုံး ......!!!!! "

ရုံ စကား​လေးပင်​ မဆုံးလိုက်​ အဲ့ဒီလူက သူရဲ့ ကျန်​တဲ့
လက်​တစ်​ဖက်​နဲ့ ရုံ ​ခေါင်း​လေးကို ထိန်းကိုင်​ပြီး
နှူတ်​ခမ်း​လေးကို နမ်းဖို့ သူ့ ​မျက်​နှာကြီးက ရုံ အနားကပ်​လာ၏ ။

" အား .....!!!!!! "

အရမ်းကြောက်ပြီး ရုံ အော်နေတုန်း ဘုန်းထက်ဇယ်
ရောက်ချလာပြီး ရုံ ကို စော်ကားနေတဲ့ အဲ့ဒီလူကို ဂုတ်ကနေဆွဲ
ကိုင်ကာ မြေပြင်ပေါ် ပစ်ချလိုက်သည်။

ထို့နောက် အဲ့ဒီလူပေါ် အမြန်ခွတက်ကာ အဲ့ဒီလူမျက်နှာကို
ဇယ် တရစပ် အဆက်မပြတ်ထိုးသည်။

" ခွပ်.... ခွပ်... ခွပ် "
"ခွပ်... ခွပ်.. ခွပ် "

ဇယ် ဘယ်လောက်ထိုးလိုက်လဲ မသိ...... အဲ့ဒီလူမှာ
ဇယ် လက်ချက်ကြောင့် မေ့လဲသွားသည်။

" ဘွားတော်...... ဘွားတော် ဘာဖြစ်သွားသေးလဲ "

ငမူးညို မေ့လဲသွားတာနဲ့ အနားမှာ ကြောက်ပြီး မျက်ရည်တွေ
ကျနေတဲ့ ရုံ ကို ဇယ် အခုမှ သတိရပြီး သွားမေးသည်။

**အချစ်က ချိုသလောက် သူပေးတဲ့အတမ်းက ကြမ်းတယ် ( ဘုန်းထက်ဇယ် + မြဝါးရုံ )         Where stories live. Discover now