အချစ်ကချိုသလောက် သူပေးတဲ့ အနမ်းက ကြမ်းတယ်🌚🌚
💋💋💋💋💋(Part - 33)သေချာတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ဇယ် ချလိုက်ပြီး အတွေးနဲ့
အတူ ရုံ အိမ်ထဲဝင်လာခဲ့သည်။ အိမ်ထဲမှာ စေ့စပ်ပွဲလုပ်
နေတာကြောင့် ခြံတံခါးက အလိုလို ဖွင့်လျက်ကြီး
ဖြစ်ပြီး ခြံထဲမှာ ကားတွေ ဝိုင်းအုံနေသည်ကိုတောင်
ဇယ် သတိမထားမိပါ။ ဘာလို့ဆို ရုံ ကို ဒီနေ့ လက်ထပ်
ခွင့်တောင်းမှာက ခါတိုင်းနေ့တွေထက် မတူတာကြောင့်ပင်။
သူ့ လက်ထဲမှာလည်း စာအုပ်ဆယ်အုပ်ကို ပန်းခြင်းသဖွယ်
ပြုလုပ်ထားတဲ့ ကြိမ်ခြင်းလေးနဲ့ နှင်းဆီပန်းအဖြူရောင်
200 နဲ့မှ 5ပွင့် ပါတဲ့ ပန်းစည်းကြီး တစ်ကြီးက
သူ့အချစ်ကို ဖော်ပြဖို့ အတွက် အဆင့်သင့် ဖြစ်လို့ နေသည်။အတွေးနဲ့အတူ အိမ်ထဲကို ဇယ် ဝင်လာပြီး တွေ့လိုက်ရတဲ့
မြင်ကွင်းက သူ့ကို မျက်ရည်တစ်စက်ကျသွားစေကာ...
နှုတ်ဖျားကနေ တုန်တုန်ယင်ယင်နဲ့ ထစ်အပြီး စကားတစ်ခွန်း ထွက်သွားမိသည်က......" ဘွား........ တော် !!!!!! "
" ဪ...... ဘုန်းထက်ဇယ် လာလေ "
သူ့ကို မြင်တာနဲ့  လာဖို့ ခေါ်နေသော ဘွားတော် ကို ကြည့်ပြီး
ခုဏက ကျသွားတဲ့ မျက်ရည်ကို မသိမသာနဲ့ သုတ်ပစ်ရင်း
အရှက်မဲ့စွာနဲ့ ဘွားတော် နား သူ လာလိုက်သည်။" ဂုဏ်ယူပါတယ်နော်....... မမြဝါးရုံ "
" ကျေးဇူးပါ ဘုန်းထက်ဇယ် "
" ဒါနဲ့ ဘွားတော်.... မင်္ဂလာပွဲက ဘယ်တော့လဲ "
" နောက် လထဲ ဖြစ်မယ် ငါ့ ညီ "
ရုံ မဖြေဘဲ သူနဲ့ စေ့စပ်ထားတဲ့ သူက ဖြေလိုက် တာကို ဇယ် ဟန်ဆောင်ပြုံးနဲ့ ပြုံးလိုက်ပြီး.....
" ဪ..... ပျော်ရွှင်ပါစေနော် အစ်ကိုနဲ့ မမြဝါးရုံ "
" ဒါက ကျွန်တော်ရဲ့ လက်ဆောင်ပါ
မင်္ဂလက်ဖွဲ့အတွက် ပေါ့ "လက်ထပ်ခွင့်တောင်းမယ့် ပစ္စည်းနဲ့ ပန်းစည်းတွေကို ဇယ်
ရုံ လက်ထဲ အတင်းထည့်ပေးလိုက်ပြီး အမြန်ထွက်လာခဲ့သည်။
သူ့မှာ ဆက်နေဖို့ ခံနိုင်ရည်အားမရှိတာရော သူ့သူငယ်ချင်း
တွေဖြစ်တဲ့ လက်ယာ နဲ့ ပိုးဥ ကိုရော သူ စကားမပြောချင်တာ
ကြောင့် အမြန်ထွက်လာခဲ့ လိုက်သည်။

YOU ARE READING
**အချစ်က ချိုသလောက် သူပေးတဲ့အတမ်းက ကြမ်းတယ် ( ဘုန်းထက်ဇယ် + မြဝါးရုံ )
Romanceရည်းစားတွေ ထည်လဲတွဲခဲ့တဲ့ ကျတော် က ခင်ဗျားလို ပုံတုံးတုံး ရုပ်ဆိုးဆိုးကိုမှ ဘာလို့ ချစ်မိသွား ရတာလဲ ( Normal Fic)