အချစ်ကချိုသလောက် သူပေးတဲ့ အနမ်းက ကြမ်းတယ်🌚🌚
💋💋💋💋💋(Part - 31)" ဘွားတော် "
" ဟင် ........ဘုန်းထက်ဇယ် "
စစ်မင်းထက်တို့ သားမိ ထွက်သွားတာနဲ့ ပလက်ဖောင်းပေါ်မှာ
ရုံ ခဏလောက် လမ်းလျှောက်နေမိသည်။
ရုံ လမ်းလျှောက်နေတုန်း ကားတစ်စီးက ရုံ ဘေးနားထိုး
ရပ်လိုက်တာကြောင့် ရုံ ကြည့်မလို့လုပ်တုန်း ကားပေါ်ကနေ
အမြန်ဆင်းလာပြီး ရုံ နာမည်ကို ခေါ်လိုက်တာကြောင့်
ရုံ ကြည့်လိုက်မိရာ တခြားသူမဟုတ်ဘဲ ရုံ ခင်ပွန်းဟောင်း
ဖြစ်နေခဲ့သည်။ ထိုအခါ ရုံ နှူတ်ဖျားက အံ့သြသင့်ပြီး
ထွက်သွားမိသည်က......" ဟင် .......ဘုန်းထက်ဇယ် "
ရုံ သူ့နာမည်ကို အံ့ဩပြီး ခေါ်လိုက်တဲ့ အချိန်မှာပဲ လျင်မြန်တဲ့
ခြေလှမ်းတွေနဲ့ ရောက်ချလာပြီး သူ့က ရုံ ကို တန်းဖက်ပစ်လိုက်
တာကြောင့် လူက ကြောင်သွားမိသည်။" ဘွားတော် ပြန်လာပြီ.... ..
ကျွန်တော် အရမ်းပျော်လိုက်တာ
ကျွန်တော် အရမ်းကို ပျော်တာပဲ.....
နောက်ပြီး ကျွန်တော်လေ ဘွားတော် ကို အရမ်းသတိရနေတာ ဘွားတော် သိရဲ့လား "အတင်းတွေဖက်ထားရင်းနဲ့ စကားတွေပြောနေတဲ့ သူ့ကို
ရုံ စူးစူးစိုက်စိုက် ကြည့်ပစ်လိုက်ပြီး. ...." လွှတ်စမ်း...... ဘုန်းထက်ဇယ်
မင်း ငါ့ကို အခုလွှတ်....... "" ခဏလောက်ပါ ဘွားတော်..... ကျွန်တော့် ဘွားတော် ကို
အရမ်းသတိရနေလို့ ခဏလောက်လေး ဖက်ထားခွင့်ပြုပါ "" ငါ ပြောနေတာ မကြားဘူးလား...... ဘုန်းထက်ဇယ်
မင်း ငါ့ကို အခုလွှတ်လို့ ...မဟုတ်ရင် ငါ အဆိုးမဆိုနဲ့ "ရုံ ပြောနေတာတောင် ဖက်ထားတာကို အခုထိ မလွှတ်တဲ့
ဘုန်းထက်ဇယ် ကြောင့် ရုံ စိတ်မရှည်ချင်တော့ပေ။"ကဲကွာ .... မလွှတ်ချင်အုံး... "
"..ဖြန်း. .....ဖြန်း "ရုံ ကို ဖက်ထားတဲ့ သူ့ကိုယ်ကြီးကို ရုံ အတင်းတွန်းလွှတ်ပြီး
ချက်ချင်းဆိုသလို နာကြည်းမုန်းတီးစိတ်တွေနဲ့ သူ့ပါးကို
ဘယ်ပြန် ညာပြန်ရိုက်ချပစ်လိုက်သည်။
KAMU SEDANG MEMBACA
**အချစ်က ချိုသလောက် သူပေးတဲ့အတမ်းက ကြမ်းတယ် ( ဘုန်းထက်ဇယ် + မြဝါးရုံ )
Romansaရည်းစားတွေ ထည်လဲတွဲခဲ့တဲ့ ကျတော် က ခင်ဗျားလို ပုံတုံးတုံး ရုပ်ဆိုးဆိုးကိုမှ ဘာလို့ ချစ်မိသွား ရတာလဲ ( Normal Fic)