Part - 5 ( Zg + Uni)

5.9K 177 0
                                    

အချစ်ကချိုသလောက် သူပေးတဲ့ အနမ်းက ကြမ်းတယ်🌚🌚
💋💋💋💋💋(Part - 5)

အခု ရုံ ဘယ်​သူ့ကိုမှလည်း မျက်​နှာချင်း မဆိုင်​ချင်​​တော့ပါ
လူက အရမ်းရှက်​ပြီး ငိုချင်​​နေ​လေသည်​။
ဒါ​ကြောင့်​ ကိုကို စကားကို လည်း ပြန်​မ​ဖြေဘဲ ငိုချင်​လာတာ
ကြောင့်​ ​ထွက်​​ပြေးလာခဲ့မိ၏ ။
နောက်​မှာ ကိုကို ဘယ်​လို ကျန်​ခဲ့မလဲဆိုတာ ရုံ သိလည်းမသိ
ချင်​​တော့ပါ ​သေချာတာက​တော့ ကိုကို က ရုံ ကို
ကဲ့ရဲ့​နေမည်​​လေ......။

""ဘွားတော် ခင်ဗျားက ဘယ်သွားမလို့လဲ အဲ့ဒါ ..""
""ဘာလဲ ကျွန်တော် က ဘွားတော်ကို ခန်းမထဲမှာ
တစ်ယောက်တည်း အကြာကြီးစောင့်ရအောင်လုပ်လို့
အခု ကျွန်တော့်ကို ပြန်လုပ်တာမလား ဘွားတော် ""

ဘာကိုမှ မမြင်ဘဲ ရုံ ပြေးနေတုန်း ရုံ လက်ကို အတင်းဆောင့်ဆွဲပြီးပြောလိုက်တဲ့ လူကို ရုံ မော့ကြည့်လိုက်တော့ ဘုန်းထက်ဇယ် ဖြစ်နေလေသည်။
မျက်လုံးတွေ ပြူးသွားပြီး ရုတ်တရက်ဆိုတော့ လူက
လန့်သွားကာ ဝတ်​ထားတဲ့ ထိုင်​မသိမ်းနဲ့ တက်နင်းမိပြီး
လူက ယိုင်မလို ဖြစ်သွား​လေသည်​။

""အမလေး""

လဲပြီထင်​ပြီး လူက အာမေဋိတ်သံ ထွက်သွားမိတဲ့အချိန်မှာပဲ
ရုံ ကိုယ်လေးကို အမြန် လှမ်းပွေ့လိုက်သော ဘုန်းထက်​ဇယ်
ကြောင့် စိတ်သက်သာရာ ရသွားမိ၏ ။

ဘွား​တော်​ ကိုယ်​​လေးကို ဇယ်​ ထိန်း​ပေး​နေရင်းနဲ့မှ
သူ့ရင်​ခွင်​ထဲ​ရောက်​​နေ​သော ဘွား​တော်​မျက်​နှာ​လေးကို
ဇယ်​ ​အနီးကပ်​ကြည့်​မိသွား၏ ။
ဒီ​နေ့မှာ​တော့ မိတ်​ကပ်​ပါးပါး​လေးနဲ့ လှ​နေသလို ဖြစ်​ချင်​​နေ​ပေမဲ့
လည်း ဘွား​တော်​ မျက်​နှာ​ပေါ်က မျက်​မှန်​ကြီးက လှတာကို
ဖျက်​​နေ​​လေ၏ ။
ခါတိုင်း သူနဲ့ ​တွေ့တဲ့အခါတိုင်း ဆံထုံးကြီးနဲ့ ဘွား​တော်​က
ဒီ​နေ့ ဆံပင်​​လေးကို အနည်းငယ်​ထုံးပြီး ​ရှေ့ကို ချထား
တာ​ကြောင့်​ ကြည့်​ရတာ တစ်​မျိုး​လေးဖြစ်​​နေ​လေသည်​။

ထိုင်​မသိမ်းဝတ်​စုံ ပန်း​ရောင်​​လေးနဲ့ ဘွား​တော်​ က
ဒီ​နေ့ကျမှ နည်းနည်းလှချင်​သလို ဖြစ်​​နေ​လေသည်​။
ဘွား​တော်​ရဲ့ အဝတ်​အစား​ကြောင့်​လား မိတ်​ကပ်​​ကြောင့်​လား
ဆံပင်​​ကြောင့်​လား မသိ​ပေမဲ့ အခုချိန်​ခဏ​လေးမှာပဲ
သူရင်​ထဲ ဒုတ်​ခနဲ မြည်​သွား​လေသည်​။

**အချစ်က ချိုသလောက် သူပေးတဲ့အတမ်းက ကြမ်းတယ် ( ဘုန်းထက်ဇယ် + မြဝါးရုံ )         Kde žijí příběhy. Začni objevovat