Part - 42 ( Zg + Uni)

3.9K 127 22
                                    

အချစ်ကချိုသလောက် သူပေးတဲ့ အနမ်းက ကြမ်းတယ်🌚🌚
💋💋💋💋💋(Part - 42)

" မဟုတ်​ဘူး ပိုးဥ .....ကိုယ်​ မယုံဘူး
ပိုးဥ လိမ်​​နေတာ ......ဟုတ်​တယ်​ ပိုးဥ လိမ်​​နေတာ "

" နင်​ လိမ်​​နေလို့ ငါ ဘာမှမရဘူး ....ဒါ​ကြောင့်​ နင်​ရဲ့
အကျိုးရှိတဲ့ အချိန်​​တွေကို နင်​ရဲ့ ​သေ​တော့မယ့်​ အ​မေကိုပဲ
ဂရုစိုက်​လိုက်​ "

ပြောပြီး ထူး​ဝေ လက်​ကို ဆွဲသွားတဲ့ ပိုးဥ ​နောက်
လက်​ယာ အလိုက်​ တစ်​ဖက်​ကလာ​နေတဲ့ ကားကို
မမြင်​ဘဲ လက်​ယာ ​ရှေ့ဆက်​တိုးသွားခဲ့၏ ။

" ကျွီ .....ဒုန်း "

"အား .....!!! "

" သား .....!!! "

" လက်​ယာ .....!!! "

ကားတိုက်လိုက်တဲ့ အသံကြောင့် နောက်ပြန်လှည့်ကြည့်ပြီး အော်လိုက်တဲ့ ပိုးဥ ရဲ့ အသံနဲ့ လက်ယာ အမေရဲ့ အော်ခေါ်သံ
က သွေးပျက်စရာ အတိပင်.......

လက်ယာ အမေလည်း သူ့သား နာမည်ကို အော်ခေါ်ပြီးတာနဲ့
နေရာမှာတင် ဝုန်းကနဲ ပစ်လဲကျသွားသည်။

************************************

" ဒေါက်တာ ကျွန်မ သားဘယ်မှာလဲ
ကျွန်မ သားကို တွေ့ချင်တယ်.... ကျွန်မသား ဘယ်မှာလဲ "

" လူနာ စိတ်ကို ငြိမ်ငြိမ်လေး ထားနော် ....
လူနာ က နေမကောင်းသေးဘူးလေ
ဒါကြောင့် လူနာ နေကောင်းရင် ဒေါက်တာ ....
လူနာ သားဆီ လိုက်ပို့ပေးမယ်နော် "

" ကူညီပါအုံး သားဘုန်းထက်ဇယ် ...အန်တီသားလေး ဘယ်မှာလဲ ...အန်တီသားကို အန်တီ တွေ့ချင်တယ်
ဒါကြောင့် ဒေါက်တာကို ကူပြောပေးပါအုံး "

" အန်တီ နေမကောင်းသေးဘူးလေ
ဒါကြောင့် ဒီပေါ်မှာ ငြိမ်ငြိမ်လေးနေပါနော်
အန်တီ နေကောင်းရင် ကျွန်တော် လက်ယာဆီ လိုက်ပို့ပေးမယ် "

အားဆေးချိတ်ထားရင်း တန်းလန်းကနေ သားဖြစ်သူကို မေး
နေသော လက်ယာ အမေ ကြောင့် ဆေးရုံပေါက်ဝကနေ ပိုးဥ ကြည့်ပြီး မျက်ရည်တွေကျလာရသည်။

ဒေါက်တာ မေးလို့မရတော့ ဇယ် ကို အကူအညီတောင်းနေပြန်တဲ့
ဒေါ်ပန်းမြတ် ကြောင့် ပိုးဥ ရင်ထဲ တဆစ်ဆစ်နာကျင်လာရသည်

**အချစ်က ချိုသလောက် သူပေးတဲ့အတမ်းက ကြမ်းတယ် ( ဘုန်းထက်ဇယ် + မြဝါးရုံ )         Where stories live. Discover now