Part - 41 ( Zg + Uni)

3.8K 94 2
                                    

အချစ်ကချိုသလောက် သူပေးတဲ့ အနမ်းက ကြမ်းတယ်🌚🌚
💋💋💋💋💋(Part - 41)

" လက်​ယာ ငါ နင့်​ကို အရမ်းချစ်​တယ်​ .....အခု​တော့
နင်​ မရှိဘဲ ငါ ဘယ်​လိုလုပ်​ရမှာလဲ ......ဒါ​ပေမဲ့ ငါ
ဝမ်းမနည်းပါဘူး နင့်​ဆီက​နေ အမှတ်​တရ​တွေ အများကြီး
ရခဲ့လို့......​နောက်​ပြီး ငါ ကိုယ်​ ငါ ဂုဏ်​ယူတယ်
နင့်​အတွက်​ ငါ ​ပေးဆပ်​နိုင်​ခဲ့လို့ "

စီးကျလာတဲ့ မျက်​ရည်​​တွေကို ပိုးဥ သုတ်​ပစ်​လိုက်​ပြီး
ခုဏက လက်​ယာအ​မေ သတိရလာတာနဲ့ လက်​ယာ​အ​မေ
ရှေ့မှာတင်​ သူမ နဲ့ လက်​ယာ နဲ့ လမ်းခွဲခဲ့ပြီ​လေ .......
အပြတ်​သားဆုံး စကား​တွေကို မျက်​ရည်​မကျ​အောင်​ ပိုးဥ ထိန်း
ပြီး လမ်းခွဲစကားကို ​ကောင်းမွန်​စွာ ဆိုနိုင်​ခဲ့၏ ။
လမ်းခွဲစကား​ပြောပြီးတာနဲ့ ​ရှေ့တစ်​ပတ်​ထဲမှာပင်​ လက်​ယာ
အ​မေ က လက်​ယာကို သူ သ​ဘောကျတဲ့ မိန်းက​လေးနဲ့
စေ့စပ်​​ပေးမည်​​လေ .......ဒါကိုလည်း သူမ ကို တက်​​ရောက်​ဖို့ ဖိတ်​လိုက်​​သေး၏ ။ .......​လက်​ယာအ​မေ ရဲ့ ​စေ့စပ်​​ပေး
မယ်​ဆိုတဲ့ စကား​ကြောင့်​ နှလုံးသားက တဆစ်​ဆစ်​နာကျင်​လာ၏ အခုလည်း သူမ ကို ​စေ့စပ်​ပွဲကို တက်​ခိုင်း​တော့
လူက အရမ်းငိုချင်​လာ၏ ။ ဒါ​ပေမဲ့ အတတ်​နိုင်​ဆုံး
ထိန်းချုပ်​ထားပြီး အလှဆုံး​ပြုံးကာ အားလုံး ရှေ့ကနေ သူမ ထွက်​လာနိုင်​ခဲ့သည်​....

အပြင်​လည်း ​ရောက်​​ရော ထိန်းချုပ်​ထားတဲ့ မျက်​ရည်​​တွေက
စီးက်လာခဲ့၏ ။

" ကြည့်​ရတာ မရုံ နဲ့ဇယ်​ ကို ငါ ခွဲခဲ့လို့ အခုလို အပြစ်​​တွေ
ခံရတယ်​ထင်​တယ်​ ......"

မျက်​ရည်​​တွေကျ​နေရင်းက​နေ ပိုးဥ သူမဘာသာ သူမ ​ပြော​နေခဲ့
၏ ။

💤💤💤💤💤💤💤💤💤💤💤💤💤💤💤💤

" လက်ယာ နင် ဒီနေ့ အအေးဆိုင်မှာ နင့်အမေ စီစဉ်ပေးတဲ့
မိန်းကလေး နဲ့ တွေ့တာကို ငါ ငေးကြည့်နေခဲ့တယ်
အဲ့ဒါ နင် သိရဲ့လား. ....နောက်ပြီးတော့ နင် ဝတ်ထားတဲ့
အင်္ကျီ က မိုးပြာရောင်လေး...... ငါ လည်း ဒီနေ့ကျမှ
မိုးပြာရောင် လေးဝတ်လာမိတယ်... နင် နဲ့ ငါနဲ့ စိတ်ချင်း
အတော် နီးစပ်တာပဲ. ..."

**အချစ်က ချိုသလောက် သူပေးတဲ့အတမ်းက ကြမ်းတယ် ( ဘုန်းထက်ဇယ် + မြဝါးရုံ )         Место, где живут истории. Откройте их для себя