အချစ်ကချိုသလောက် သူပေးတဲ့ အနမ်းက ကြမ်းတယ်🌚🌚
💋💋💋💋💋(Part - 24)ရွှေပိုးဥ စကား ဆုံးသွားတာနဲ့ စင်နား ရောက်သွားတဲ့
ဘုန်းထက်ဇယ် ကို ကြည့်ပြီး ရုံ မချေပြုံး ပြုံးလိုက်မိသည်။
လူက အရမ်းထူပူပြီး အရမ်းတွေရှက်နေမိသည်
ရင်ထဲမှာလည်း အရမ်းတွေခံရခက်ပြီး ရုံ ငိုချင်နေမိသည်
ရုံ အပေါ် သူ ဒီလို လုပ်ရက်တာ ရုံ အံ့ဩလို့ မဆုံးပါ
ဒီတစ်ခါတော့ သူ အတော်လွန်သွားပြီ ရုံ မာနတွေကို
လူပုံအလယ်မှာ သူ့ဟာမနဲ့ နှစ်ယောက်ပေါင်းပြီး အရှက်ခွဲ
လိုက္တာ......." မငိုနဲ့ မြဝါးရုံ. .... နင် လုံးဝ ငိုလို့မရဘူး
နင် ငိုလိုက်ရင် အဲ့ဒါက သူတို့ မှန်တယ် ဆိုတာကို
ပြောလိုက်တာပဲ "အပြောနဲ့ အတူ ရုံ သည်းမခံနိုင်တဲ့ အဆုံး ဘုန်းထက်ဇယ်
နဲ့ ရွှေပိုးဥ တို့အနား ရုံ ရောက်သွားမိသည်။စစ်မင်းထက် လည်း အခုမှ ရွှေပိုးဥ အကြံကို သဘောပေါက်
သွားပြီး နေရာတင်မှာဘဲ ရပ်ပြီး ကြည့်နေလေသည်။ရုံ ဘုန်းထက်ဇယ်နဲ့ ရွှေပိုးဥတို့အနားရောက်သွားတာနဲ့
ရုံ ကို အထင်သေးခြင်း အပြည့်တွေနဲ့ ကြည့်နေတဲ့
အကုန်လုံး ရဲ့ မျက်လုံးတွေ.. ....
နောက်ပြီး ဘုန်းထက်ဇယ် ရဲ့ အထင်သေးသော
အကြည့်တွေ တစ်ဆက်တည်း ရုံ ရဲ့ ခံနိုင်ရည်တရားတွေ ကုန်ဆုံးသွားပြီဖြစ်၍ ဘုန်းထက်ဇယ် ပါးကို စိတ်တိုတိုနဲ့ ဘယ်ြပန်ညာပြန် ရုံ ရိုက်ချပစ်လိုက်သည်။" ဖြန်း.... ..ဖြန်း "
" ကျေနပ်လား ဘုန်းထက်ဇယ် မင်း ငါ့ကို အရှက်ခွဲလိုက်
ရလို့. ......"ထင်မှတ်မထားဘဲ သူ့ပါးကို နှစ်ချက်တိတိ ဘယ်ပြန်ညာပြန်
ချပစ်သော ရုံ လုပ်ရက်ကြောင့် ဆွံ့အစွာနဲ့
ဇယ် ရုံ ကို ကြည့်နေမိ၏ ။" နင့်ကများ ငါသူငယ်ချင်းကို !!!! "
အပြောနဲ့အတူ စင်ပေါ်ကနေ မိုက်ခ်ကိုင်ပြီး ဆင်းလာတဲ့
ရွှေပိုးဥ ကို ရုံ ကြည့်နေလိုက်၏ ။ချက်ချင်းဆိုသလို ရုံ အနားရောက်လာတာနဲ့ ပါးရိုက်ဖို့
ပြင်လိုက်တဲ့ ရွှေပိုးဥ လက်တစ်ဖက်ကြောင့် ရုံ လည်း သူ့
လက်ကို အမြန်ဖမ်းဆုပ်ထား
လိုက်ပြီး............

YOU ARE READING
**အချစ်က ချိုသလောက် သူပေးတဲ့အတမ်းက ကြမ်းတယ် ( ဘုန်းထက်ဇယ် + မြဝါးရုံ )
Romanceရည်းစားတွေ ထည်လဲတွဲခဲ့တဲ့ ကျတော် က ခင်ဗျားလို ပုံတုံးတုံး ရုပ်ဆိုးဆိုးကိုမှ ဘာလို့ ချစ်မိသွား ရတာလဲ ( Normal Fic)