အချစ်ကချိုသလောက် သူပေးတဲ့ အနမ်းက ကြမ်းတယ်🌚🌚
💋💋💋💋💋(Part - 40)ဒီတစ်ခါတော့ အရွေးမှားသွားတဲ့ ညာဘက်လမ်းအကြောင်းကို
ရုံ ကောင်းကောင်းကြီး သိနေတော့ ဘယ်ဘက်လမ်းကနေ
သွားခဲ့၏ ။တစ်နာရီလောက်ကြာမှ ပြင်ဦးလွင်မြို့ပြင်ကနေ ပြင်ဦးလွင်မြို့
ထဲကို ရုံ ရောက်သွားခဲ့သည်။ ထိုမှတစ်ဆင့် ရန်ကုန်ကို
မနားတမ်း ရုံ မောင်းခဲ့သည်။
ရန်ကုန်ကို ရောက်တော့ ညနေငါးနာရီ ထိုးနေပြီလေ.....
ထိုအခါ ကားလေးကလည်း ရုံ အိမ်ကို ရောက်ရှိသွားခဲ့
သည်......" အမလေး .... ဘုန်းထက်ဇယ် "
ကားပေါ်က အဆင်း ကားမှန်ကို ကြည့်လိုက်မိတော့ နောက်ခန်း
မှာ တွေ့လိုက်ရတဲ့ လူကြောင့် ရုံ လန့်ဖြတ်သွား၏ ။" ဟုတ်ပါတယ်ဗျာ့.......ဘုန်းထက်ဇယ် ပါ
ဒေါ်မြဝါးရုံ ရဲ့ ချစ်ခင်ပွန်းလောင်း ဘုန်းထက်ဇယ် ပါ "
"နောက်ပြီး တရားဝင်လက်ထပ်ထားတဲ့ ဒေါ်မြဝါးရုံ ရဲ့ ခင်ပွန်း
လောင်းပါ "
" အဟား.......ဟား.....ဟား "လက်ထပ်စာချုပ်ကို ကိုင်ပြီး ရယ်သံလွင့်လွင့်နဲ့ ပြောနေတဲ့ သူ့စကားတွေကတော့ ရုံ နားထဲ
အတော် ကြောက်စရာကောင်းနေခဲ့၏ ။အရာအားလုံးက သူ့ အကွက်ချစီစဉ်တဲ့အတိုင်း အောင်မြင်သွား
ခဲ့ပြီလေ......နောက်ပြီး ရုံ လက်မှတ်ထိုးထားတဲ့ စာချုပ်က
လည်း သူ့ဆီမှာ ရှိနေခဲ့သည် ........ဒါကြောင့် သူ့က
ရုံ ထင်ထားသလို အိပ်ဆေးမမိရုံတင်မက သူရဲ့ လှည့်ကွက်
ထဲမှာပါ ရုံ က ကျရှူံးခဲ့သည် .........ရုံ ဖြဲလိုက်တဲ့ စာချုပ်ကလည်း စာချုပ်အတုကြီး ဖြစ်ရုံတင်မက
သူ ရွေ့သမျှ အကွက်တွေထဲမှာ ရုံ က လှည့်စားခံလိုက်ရတာ
ကြောင့် ရုံ ကိုယ် ရုံ ဒေါသအလိပ်လိပ် ထွက်မိသည် .......
အဲ့ဒီလောက်တောင် ရုံ တုံးရလားဆိုပြီး စိတ်ထဲမှာ အရမ်းခံရ
ခက်နေရသည် . .......အပျော်လွန်နေတဲ့ စိတ်နဲ့ ကားပေါ် မှာ သူ ပါလာခဲ့တာကိုလည်း မသိခဲ့တဲ့ ကိုယ့်စိတ်ကိုယ် ရုံ ဒေါသထွက်မိသည်.......ဘာပဲဖြစ်ဖြစ် အခုသူ့ကို ရုံ ရှူံးသွား
ပေမဲ့ ရုံ သူ့ကို မကျေနပ်ပါ ......ဒါကြောင့် သူ့ကို
ရုံ လက်စားချေမည်.........
KAMU SEDANG MEMBACA
**အချစ်က ချိုသလောက် သူပေးတဲ့အတမ်းက ကြမ်းတယ် ( ဘုန်းထက်ဇယ် + မြဝါးရုံ )
Romansaရည်းစားတွေ ထည်လဲတွဲခဲ့တဲ့ ကျတော် က ခင်ဗျားလို ပုံတုံးတုံး ရုပ်ဆိုးဆိုးကိုမှ ဘာလို့ ချစ်မိသွား ရတာလဲ ( Normal Fic)