Part 1(Unicode)

24.4K 1K 11
                                    

ဘဝဆိုတာ ခုတ်မောင်းနေတဲ့ရထားတစ်စင်းပါပဲတဲ့။ များပြားလွန်းတဲ့ရထားတွဲတွေထဲမှာ ကိုယ်စီးနင်းလိုက်ပါလာတဲ့ ရထားတွဲကို တက်လာတဲ့သူလည်း ရှိလိမ့်မယ်။ ဘူတာရောက်တော့ ဆင်းကျန်ခဲ့တဲ့သူလည်း ရှိလိမ့်မယ်။ စကားစမြည်ပြောကြရင်း ခရီးတစ်ထောက်ပေါက်ခဲ့တဲ့အချိန်လည်း ရှိလိမ့်မယ်။ တစ်ယောက်အခက်အခဲကို တစ်ယောက်ကကူညီဖြေရှင်းရင်းနဲ့ပဲ ခင်မင်ခဲ့ချိန်လည်းရှိမယ်။ ကံအစေးကပ်ခဲ့လို့ ဆင်းမယ့်ဘူတာ တူခဲ့ရင်တော့ ကိုယ့်ဘေးနားက တစ်ဘဝလုံးစာ လိုက်ပါလာမယ့်သူနဲ့ကြုံရလိမ့်မတဲ့။ ရိုးကတော့ ရထားရဲ့ပြတင်းနားကပ်ရပ်ထိုင်ပြီး
ကဗျာစာအုပ်လေးဖတ် ဘသာဝအလှတရားလေးကို ခံစားရင်း ကံအစေးကပ်မယ့်သူတစ်ယောက်ကို စောင့်စားနေပါသေးရဲ့။ရိုးလျှောက်နေတဲ့လမ်းမှာ ခလုတ်တိုက်မိမယ့် နှလုံးသားပိုင်ရှင်လေးကိုပေါ့....။

"အမလေး!"

စာအုပ်ဆိုင်မှ ရိုးပြန်အထွက် လူတစ်ယောက်နဲ့ဝင်တိုက်မိသည်။ ပုံမှန်အတိုင်းလျှောက်လာသည့်ရိုးကို သူကပဲဝင်တိုက်ပြီး သူကပဲ အလန့်တကြားလည်း အော်ပြန်သည်။ဝင်တိုက်လိုက်သောအရှိန်ကြောင့် ရိုးလက်ထဲက စာအုပ်အချို့ပြုတ်ကျသွားသည်။ရိုးကြည့်လိုက်တော့ ပါးစပ်လေးကိုလက်ဝါးလေးနဲ့ပိတ်ထားပြီး ပြုတ်ကျသွားသည့်စာအုပ်တို့ကိုတစ်လှည့် ရိုးအားတစ်လှည့် လာကြည့်နေသည့် အမျိုးသမီးတစ်ယောက်။ ရိုးထက် အသက်ကြီးပုံပေါက်သော်လည်း ပုခုံးထက်အနည်းငယ်ကျော်သော ရွှေဝါရောင် ဆံပင်များကို ဖြန့်ချထားပြီး ဂါဝန်အနီရောင်လေးအား ပေါ့ပါးစွာဝတ်ဆင်ထားသောကြောင့် သူ့အသက်အရွယ်ထက်ပို၍ပင် ငယ်ရွယ်ပုံပေါ်နေသေးသည်။ သူကပဲဝင်တိုက်ပြီး စာအုပ်တို့ကိုဝင်ကောက်ပေးဖော်မရတဲ့အပြင် တောင်းပန်စကားတောင်မဆိုသည့် ထိုအမျိုးသမီးကို ရိုးအမြင်ကတ်ကတ်နဲ့ကြည့်ပစ်လိုက်ပါသည်။

"မင်းကလည်း တံခါးကထွက်တော့မယ်ဆို
အပြင်ကလူကိုကြည့်အုံးပေါ့ ဘာတွေငေးနေမှန်းမသိ"

ရိုး ဟာခနဲဖြစ်သွားရသည်အထိ အံ့သြရပါသည်။ အပြစ်ကိုဝန်မခံတတ်ဘဲ သူများရဲ့အမှားကို အရင်ကြည့်တတ်သည့် အမျိုးသမီးပါပဲလား။ရိုးကလည်း လူတစ်မျိုး မိမိအား လေးလေးစားစားမဆက်ဆံလျှင် ရိုရိုသေသေပြန်ပြောဖို့စိတ်မကူးသည့် လူစားမျိုး။

ဇနီးမယား(on going)Where stories live. Discover now