Part 3(Unicode)

12.4K 922 20
                                    

"ဘာ!!!!!"

"အမလေး ဘုရားရယ်
နင်ဘာလို့အဲ့လောက်တောင် အော်ရတာလဲ "

"ဘာပြောလိုက်တယ် နင်ဘာပြောလိုက်တယ်
ရိုး"

"ငါလက်ထပ်ရတော့မယ်လို့ "

"လက်ထပ်ရတော့မယ် တကယ်လားဟင်
တကယ်လားရိုးရဲ့ နင်ငါ့ကိုမနောက်နဲ့နော် "

"နောက်စရာလား သေခြင်းဆိုးမရဲ့
နင်အော်လိုက်တာ ကန်တင်းတစ်ခုလုံးကို
ကြော်ငြာပြီးသားဖြစ်နေပြီ သိရဲ့လား "

"ဟီး...ငါကပျော်သွားလို့ပါ
sorry ဒါနဲ့ ဘယ်သူလဲ နင်လက်ထပ်မယ့်ကောင်လေးက ဘယ်ကလဲ ဘာလုပ်လဲ ချောလား
နင့်ကိုရော သဘောကျတယ်တဲ့လား "

"အမလေး ဖြည်းဖြည်းပြောပါလား ခိုင်ရယ်
နင်လုပ်လိုက်ရင် အသည်းအသန်ကြီးပဲ "

"ငါက သိချင်စိတ်ပြင်းနေလို့ပါ ဖြေအုံးငါမေးတာကို "

"အေးဟယ် ဖြေမယ် အရင်ဆုံး နင်သိထားရမှာက
ငါလက်ထပ်မယ့်သူက ကောင်လေးမဟုတ်ဘူး ကောင်မလေး "

"ဘာရယ် ကောင်မလေး
မယုံဘူးနော် လျှောက်ပြောမနေနဲ့ "

"မယုံလည်းနေဟယ် ငါက ပါးစပ်ယားပြီး
နင့်ကိုလိမ်နေရမှာလား "

"ဟယ်..တကယ်လား "

"တကယ်.. တကယ်ပါဆိုမှ
ငါလက်ထပ်မယ့်သူက ဘယ်သူလဲဆိုတာနင်သိရင် ပိုတောင် အံ့သြသွားအုံးမယ် သိလား "

"အင်း ပြော ပြော သိချင်နေပြီ
ဘယ်သူလဲ "

"ဟိုနေ့က စာအုပ်သွားဝယ်တုန်းက
တွေ့ခဲ့တဲ့ အဒေါ်ကြီးလေ "

"တကယ်!"

"အင်း တကယ် နှစ်ကယ် သုံးကယ် ဟယ်"

"အားကျလိုက်တာ...အားကျလိုက်တာ ရိုးရယ် "

လက်ကလေးနှစ်ဖက်ကိုပူးထားပြီး လက်သီးဆုပ်ပုံစံလုပ်ကာ မျက်တောင်လေးပုပ်ခတ်ပုပ်ခတ်
ဖြင့် မနာလိုသလို လာပြောနေသည့် ခိုင်နှင်းဖြိုးခေါင်းကိုတစ်ချက်ခေါက်ပစ်လိုက်သည်။

"ဘာအားကျတာလဲ အားကျစရာလဲမရှိဘဲနဲ့
ငါတော့ အဲ့အဒေါ်ကြီးနဲ့နေ့တိုင်းရန်ဖြစ်နေရမှာ
သေချာတယ် "

ဇနီးမယား(on going)Where stories live. Discover now