Part 11(Unicode)

16K 870 22
                                    

"Mornee...အန်တီ့သက်လျာလေး"

ပါးလေးတစ်ဖက်နွေးထွေးသွားခြင်းနဲ့အတူ သကြားလုံးလေးလိုချိိုအီတဲ့အသံလေးတစ်ခုနဲ့ ရိုးရဲ့မနက်ခင်းလေးကို အစပြုလိုက်သည်။ မျက်လုံးကိုမဖွင့်ဘဲ ရိုးပြုံးလိုက်ကာ အန်တီ့ကိုရိုးရင်ခွင်ထဲဆွဲသွင်းလိုက်သည်။

"အန်တီ့စကားလုံးတွေက
ချိုလွန်းလို့
ကြာရင် ရိုး ဆီးချိုဖြစ်လောက်တယ်
သိလား"

"ခိခိ....အကဲလေး...
ထတော့...မိုးလင်းနေပြီကွာ"

အန်တီက ရိုးရဲ့ပါးမို့မို့လေးနှစ်ဖက်ကို အသာလိမ်ဆွဲရင်းဆိုလာသည်။

"မထချင်သေးဘူးလို့
အိပ်ယာကထသွားရင်
အန်တီ့ကိုဖက်ထားလို့မရတော့ဘူးလေ"

"ဟောတော်...ရှင်လေးက
တို့ကို အချိန်မရွေးဖက်ထားချင်တယ်ပေါ့
ဟုတ်လား"

"ဟုတ်...
24နာရီတစ်ရက်
ပြီးတော့
365ရက်တစ်နှစ်ပတ်လုံး
ရိုးရင်ခွင်ထဲပဲ ထည့်ထားချင်တာ"

"ဟ..ဟ.... အဲတော့ အန်တီက
အိမ်သာ ဘယ်လိုတက်ရတော့မလဲလို့
ရိုးရင်ခွင်ထဲပဲတက်လိုက်ရမလား ပြော.."

"ညစ်ပတ်တာ.."

"သူပဲ စပြောပြီးတော့နော်..
ကဲကွာ ထတော့လို့
နေလုံးကြီး ဖင်ထဲဝင်တော့မယ် သိလား"

"မထချင်သေးပါဘူးဆို"

"ထပါဆိုကွာ"

"အဲ့ဆို အနမ်းပေး.."

ရိုးနှုတ်ခမ်းလေးကိုစူပြီး အန်တီ့မျက်နှာရှေ့ကိုတိုးပေးလိုက်သည်။

"ခုနကပေးပြီးပြီလေကွာ"

"ထပ်လိုချင်သေးတယ်လေ
ခုနက ပါးလေးပဲနမ်းတာကို
ခုက နှုတ်ခမ်း..."

"တော်ပြီဆို...ထတော့..အကဲလေးရဲ့"

"စိတ်ကောက်မှာနော်
အနမ်းမပေးရင်..."

"စိတ်တော့မကောက်ပါနဲ့
ငြိမ်းချမ်းရေးကရထားတာ
သိပ်မကြာသေးတဲ့ဟာကို..
ကဲလာ...မွမွ...မွမွ...မွ"

ရိုးရဲ့မျက်နှာလေးကို လက်နှစ်ဖက်နဲ့ကိုင်ကာ အနမ်းပေးနေတော့ ရိုးငြိမ်ခံနေလိုက်သည်။ ချစ်ရတဲ့သူနဲ့နိုးထခွင့်ရတဲ့ ချမ်းမြေ့တဲ့ဘဝလေးဆိုတာ
ဒါပဲဖြစ်လိမ့်မလား။ နစ်ဝင်ပြီးရင်းနစ်ဝင်ရချည်ရဲ့ အန်တီရယ်။

ဇနီးမယား(on going)Where stories live. Discover now