Part 17(Unicode)

11.2K 860 115
                                    

ရန်ကုန်မြို့ကြီးရဲ့ မြေသင်းရနံ့လေးက နှာဖျားဝလေးကို ရိပ်ခနဲဖြတ်သန်းကျီစယ်လို့သွားသည်။
ကြည်နူးမှုတို့နဲ့အတူ ဝမ်းနည်းမှု စိုးရိမ်မှုတို့ပါ
ရိုးရဲ့စိတ်ထဲကို တစ်ပြိုင်တည်း ဝင်ရောက်လို့လာသည်။ ဘာလို့ပါလိမ့်။ ရိုးဆက်တဲ့ဖုန်းကို အန်တီမကိုင်ရတဲ့အကြောင်းအရင်းက ဘာပါလိမ့်။ တစ်နေ့ကတည်းက ဆက်တိုက်ဖုန်းခေါ်နေခဲ့တာပါ။ အန်တီ့ဘက်က လစ်လျူရှုခြင်းကိုသာ ခံလိုက်ရသည်။ သင်တန်းမှာ အကြောင်းတစ်ခုပေါ်လာတာကြောင့် ပုံမှန်ထက်စောပြန်ဖြစ်ခဲ့သည်။ ဒီအကြောင်းကို အန်တီအား ပေးသိချင်ခဲ့ပေမယ့် ရိုးဆက်တဲ့ဖုန်းကိုမကိုင်သည်မှာ သုံးလေးရက်ရှိလေပြီ။အိမ်ကိုဖုန်းခေါ်လိုက်လျှင်လည်း အမေကြီးနဲ့သာပြောရသည်။

လေဆိပ်တစ်နေရာမှာ ထွေးပွေ့နေတဲ့ ချစ်သူစုံတွဲလေးဆီကိုအကြည့်ရောက်မိတော့ လှိုက်ခနဲ ဝမ်းနည်းလာရပြန်သည်။ အရမ်းလွမ်းနေခဲ့တာကို။ ပြေးပြီးထွေးပွေ့ထားချင်လောက်အောင် ရိုးဘက်က အများကြီးလွမ်းနေခဲ့တာကို ။ အန်တီသာ ရိုးအပြန်ဆီးကြိုနေရင် ဘယ်လောက်တောင် ကြည်နူးစရာကောင်းလိိုက်မလဲ။ အခုတော့ လေဆိပ်တစ်ခုလုံး ရိုးတစ်ယောက်သာ အဖော်မဲ့နေသလို။ အန်တီ့ကိုအရင်ဆုံးမပြောပြရသေး၍ ရိုးပြန်လာမည့်အကြောင်း အမေတို့အားလည်း မပြောဖြစ်ပေ။

အနည်းငယ်လျောကျနေတဲ့ ပုခုံးပေါ်က ကျောပိုးအိတ်ကြိုးကလေးအား သေချာအောင် ပြင်ဆင်လိုက်သည်။ အန်တီ့မသိတော့လည်း
surpriseဖြစ်သွားတာပေါ့လေဟု အကောင်းဘက်ကတွေးလိုက်ပြီး သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။

"ရိုး..."

ခေါ်သံနဲ့အတူ နောက်ဘက်မှ ကျောပိုးအိတ်သေးသေးလေးတစ်လုံးကိုလွယ်ရင်း laggage လေးကိုမနိုင်တနိုင်ဆွဲကာ ပြုံးပြုံးလေးလျှောက်လာနေတဲ့ဒီဒီ။ အရင်ကလို ဆံပင်တိုတိုနဲ့ချာတိတ်မလေးမဟုတ်တော့။ ကျောလယ်မရောက်တစ်ရောက် ဆံပင်တို့ကို ကော်ဖီရောင်လေးဆိုးထားသည်။ ဒီကလေးမလေးအား ကြည့်လိုက်တိုင်း ရင်နာရပါသည်။ ရိုး ပယောဂကြောင့် ငယ်ငယ်ကတည်းက စိတ်ဒဏ်ရာတွေနဲ့ လုံးသတ်နေခဲ့ရတဲ့ ရိုးရဲ့ တစ်ဦးတည်းသော ညီမလေးပဲလေ။
ဒီကလေးအပေါ်ထားတဲ့ ရိုးရဲ့မေတ္တာတရားကို
မေတ္တာလို့ပဲ အန်တီ့ဘက်က မြင်နိုင်ရင် သိပ်ကောင်းလိမ့်မည်။

ဇနီးမယား(on going)Where stories live. Discover now